Chapter 38

331 30 22
                                    

အရင်ဆို အိမ်ပြန်ရောက်ရင် ကြိုဆိုနှုတ်ဆက်သံတွေနဲ့ နွေးထွေးနေတတ်တဲ့ အိမ်က ဒီတစ်ကြိမ်မှာတော့ ရေခဲဂူတစ်ခုလို အေးစိမ့်တိတ်ဆိတ်နေတယ်။ ဒီလိုပဲဖြစ်မယ်ဆိုတာ ကျွန်တော်ကြိုတွေးထားပြီးသား။ ကိုကို ကျွန်တော့်ကို သေချာပေါက် စိတ်ဆိုးတော့မှာ။ ပြီးတော့ အခုနောက်ပိုင်းမှာ အိမ်ပေါ်ကဆင်းပြီး တစ်ယောက်တည်းနေတော့မယ်ဆိုတဲ့အကြောင်း ကိုကို့ကို ခဏခဏပြောနေမိသေးတယ်မလား။ သူခွင့်မပြုနိုင်သေးတာကို ကျွန်တော်စိတ်ဆိုးပြီး အိမ်ကနေ သုံးရက်တောင်ပျောက်သွားတယ်လို့ ထင်ရင်ထင်နေတော့မှာ။

"ပြန်လာပြီလား"

မီးဖိုခန်းထဲမှာ ရှိနေတဲ့ ကိုကို့်အသံကို မရှေးမနှောင်းမှာတင် ကြားလိုက်ရတယ်။ သာမန်အိမ်တစ်အိမ်ဆိုရင်တော့ သာမန်အသံပဲလို့ထင်ရပေမဲ့ ကျွန်တော်အိမ်ပြန်လာတိုင်း ရွှန်းရွှန်းဝေအောင် ကြိုဆိုနေကျ ကိုကို့အသံမဟုတ်ဘူးဆိုတာကို ကျွန်တော်အသိဆုံးပါပဲ။

"ထိုင်ပါဦး"

ထမင်းစားစားပွဲက ထိုင်ခုံကို ကျွန်တော်ဝင်ထိုင်လို့ရအောင် အသင့်ထုတ်ပေးတယ်။ ဖေဖေကတော့ ထုံးစံအတိုင်း အိမ်ပြန်မရောက်သေးတဲ့ပုံပဲ။ ဒါပေမဲ့ ကျွန်တော်အိမ်ပြန်မလာတဲ့ကိစ္စကိုတော့ ကိုကိုနဲ့ဖေဖေ တိုင်ပင်ထားပြီးပြီဆိုတာ ကိုကို့မျက်နှာကိုမြင်လိုက်တာနဲ့ ကျွန်တော်သိတယ်။ ဝင်ထိုင်လိုက်တော့ ကိုကို့မျက်လုံးအရင်ဆုံးရောက်လာတာ ကျွန်တော့်လည်ပင်းထက်ကဒဏ်ရာပေါ်မှာအုပ်ထားတဲ့ ပလာစတာပေါ်မှာပဲ။ ဒါပေမဲ့ ချက်ချင်းပြန်လွှဲသွားပြီး ကျွန်တော့်မျက်လုံးတွေကို ရင်ဆိုင်ကြည့်တယ်။

"ကိုကိုက မင်းအဖေမဟုတ်သလို မင်းအမေလည်းမဟုတ်ဘူး။ ဘာမှသွေးမတော်သားမစပ်တဲ့ သူစိမ်းတစ်ယောက်ပဲ။ အဲ့ဒါကိုနားလည်တယ်မလား"

အဓိပ္ပါယ်မရှိတာတွေဆိုတဲ့အကြည့်နဲ့ ကျွန်တော် ကိုကို့ကို ကြည့်မိသွားတယ်ထင်တယ်။ ကိုကိုက သူ့ကိုအဲ့လိုမကြည့်ဖို့ မျက်လုံးနဲ့အချက်ပြရင်း မေးခွန်းကိုထပ်မေးတယ်။

"နားလည်လား"

မှန်နေတာပဲကို။ အောင့်သက်သက်ခေါင်းညိတ်ပြလိုက်တော့ ကိုကိုကလည်း ကျွန်တော်နဲ့အတူတူ ခေါင်းတစ်ချက်လိုက်ညိတ်တယ်။

Ctrl+Z(Completed)On viuen les histories. Descobreix ara