Chapter 63

280 30 13
                                    

ငါးနှစ်ကြာပြီးနောက

"သော်ညံ"

စစ်နေရဲ့ အိပ်ယာနှိုးတဲ့အသံကို ကြားရပေမဲ့ အပြင်ဘက်က ငှက်ကလေးတွေရဲ့ ကျီကျီကျာကျာအော်သံကို မကြားရသေးတဲ့အပြင် ခန္ဓာကိုယ်ဆီမှာ တိုးဝင်နေတဲ့ အအေးဓာတ်က တော်တော်လေးများနေတာမို့ မနကိအစောကြီးပဲရှိသေးတယ်ဆိုတာသိလိုက်ရတယ်။

"သော်ညံ ငါတို့ တည်မြဲရဲ့ မင်္ဂလာဆောင်ကိုသွားရမယ်လေ"

ဒီဠင်းတကောင်။ မင်္ဂလာဆောင်တာတောင် ငြိမ်းငြိမ်းချမ်းချမ်းမဆောင်ဘူး။ လူကိုအိပ်ရေးမဝအောင်လုပ်သေးတယ်။

"မင်းပြောတော့ အစောကြီးထသွားမှာဆို"

ဘယ်လိုမှမထချင်သေးတာမို့လို့ ပခုံးပေါ်ကစောင်ကို ခေါင်းပေါ်ဆွဲခြုံလိုက်တယ်။

"မသွားတော့ဘူး"

"ဟင်"

"ငါညက သူ့ကို ပွဲစမှလာမယ်လို့ ဖုန်းဆက်ပြီးမှ အိပ်တာ"

ကျွန်တော့်စကားကို နားလည်ပုံမရတဲ့ စစ်နေက ခေါင်းပေါ်ကစောင်ကိုနည်းနည်းပြန်ဆွဲချပြီး ကျွန်တော့်မျက်လုံးတွေကိုရအောင်ဖော်တယ်။

"မင်းဘယ်တုန်းက ဆက်လိုက်လို့လဲ"

"ငါဘယ်တုန်းကဆက်လဲဆိုတာထက် ညက မင်းဟာမင်း အပြင်မှာမူးရူးအောင်ဘာလို့သောက်လာလဲ ပြန်မေးလေ။ မင်းမူးလာမှတော့ ငါမနက်ဒီလိုမထနိုင်ဖြစ်တော့မယ်ဆိုတာသိလို့ ဖုန်းဆက်လိုက်တာပေါ့"

အဲ့ဒီကျမှ အမှောင်ထုထဲက စစ်နေမျက်နှာက အနည်းငယ်အနီရောင်ပြေးသွားတယ်။ တော်သေးတာပေါ့။ စစ်နေသာ အရက်မူးပြီးရင် ဖြစ်ခဲ့သမျှမေ့တဲ့လူဆို ကျွန်တော် အသက်တောင်ကျန်ပါဦးမလားမသိဘူး။

"ညက ညစာစားပွဲရှိလို့လေ။ အဲ့ဒါကြောင့် အဖေ့အိမ်မှာပဲ ပြန်အိပ်မယ်လို့ပြောတယ်မလား။ မင်းပဲ အတင်းလာဆွဲခေါ်ပြီး မင်းပဲအရင် ဇာတ်လမ်းလာစတော့ ငါလည်း ဘယ်လိုထိန်းနိုင်...."

ဒီသေနာကောင် ပါးစပ်ပိတ်သွားအောင် ခေါင်းအောက်က ခေါင်းအုံးကို ဆွဲထုတ်ပြီး ကောက်ပေါက်လိုက်တယ်။

Ctrl+Z(Completed)Where stories live. Discover now