Chapter 2

490 48 22
                                    

"စစ်နေ"

နောက်ထပ်တစ်ရက်....

ဒီတစ်ကြိမ်မှာလည်း ကျွန်တော့်လွယ်အိတ်က သူ့နောက်စေ့တည့်တည့်ပဲ။ ငယ်ငယ်က ရပ်ကွက်ထဲမှာ ဂေါ်လီခေါင်းဖြစ်လာတာ ဘယ်သူမို့လို့လဲ။ ဒီလို သူ့ခေါင်းတည့်တည့်ကို ကျွန်တော့်လွယ်အိတ်ခွပ်ခနဲ မှန်သွားတိုင်း သူဘယ်လိုမျက်နှာထားဖြစ်သွားမလဲဆိုတာ ကျွန်တော်သိပ်သိချင်တာ။

"ဒီနေ့တော့ ထမင်းချိုင့်ပါလာတာပဲ။ ဘာလဲ မင်း မေမေလေးချက်ပေးလိုက်တာလား"

တည်မြဲနဲ့မျိုးမြင့်ထွန်းတို့ဆီက ခွီးခနဲ ရယ်သံထွက်ကျလာတယ်။ လှည့်ကြည့်လာတဲ့သူ့အကြည့်ကတော့ စူးခနဲ။ သူ သူ့အဖေရဲ့​ယောကျာ်းကို ထိရင် ဘယ်လိုမှ မခံနိုင်ဘူးဆိုတာ ကျွန်တော်က သိထားတယ်လေ။ ကျွန်တော့်ရည်မှန်းချက်က သူကျွန်တော့်ရှေ့မှာ မျက်ရည်တပေါက်ပေါက်ကျပြီး ငိုဖို့။ တစ်နေ့တစ်လံ ပုဂံမဝေးဘူးမလား။

"ငါက မင်း မေမေလေးရဲ့ လက်ရာကို သေချာစားလိုက်မှာမို့လို့ မင်းမေမေလေးကို သူငယ်ချင်းတွေနဲ့ မျှစားလိုက်တယ်လို့ သေချာပြောလိုက် ကြားလား"

ယောကျာ်းလေးတွေကိုင်နေကျ အဖုံးစွပ်ထားတဲ့ ထမင်းချိုင့်လေးကို သူ့လက်ထဲကနေ ဆတ်ခနဲ ဆွဲယူလိုက်တယ်။ သူ့လက်သီးဆုပ်တွေ တင်းကြပ်သွားတာကို မြင်လိုက်ရပေမဲ့ ဟက်ခနဲ တစ်ချက်ရယ်ပြီး သူနဲ့မျက်နှာချင်းဆိုင်လိုက်တယ်။

"နောက်အပတ် စာစီစာကုံးပြိုင်ပွဲရှိတယ်မလား။ အဲဒါကလည်း မင်းနဲ့ငါနဲ့"

သူ့ရင်ဘတ်ကို လက်သီးတစ်ချက်နဲ့ ခပ်ပြင်းပြင်းတိုက်လိုက်တယ်။

"မင်းနဲ့..."

ကိုယ့်ကိုယ်ကိုယ်လက်ညှိုးထိုးပြရင်း...

"ငါ..."

အဲဒီအချိန်ထိ သူ့မျက်လုံးတွေက ကျွန်တော့်လက်ထဲက ထမင်းချိုင့်ပေါ်မှာ ရှိနေတုန်းပဲ။

"တကယ်လို့ "ကျွန်တော့်မေမေလေး"ဆိုတဲ့ ခေါင်းစဉ်နဲ့ဆိုရင်တော့ မင်းငါ့ကိုနိုင်..."

"သော်ညံ..."

တင်းတင်းကြိတ်ထားတဲ့အံနဲ့ ဒေါသကို တော်တော်သည်းခံပြီးထိန်းထားရတဲ့ သူ့အမူအရာအရဆိုရင်တော့ သူ့လေသံက တော်တော်အေးချမ်းနေပါသေးတယ်။ သူဘာလို့များ ဒီလောက်ထိ ဒေါသထိန်းနိုင်ရတာလဲ။ အံ့သြစရာပဲ။ သူဒီလို နေနေတာက ကျွန်တော့်ကို ပိုပြီး မခံချင်ဖြစ်အောင်လုပ်နိုင်တယ်လို့ သိနေလို့များ တမင်လုပ်နေတာလားပဲ။

Ctrl+Z(Completed)Where stories live. Discover now