Chapter 5

486 50 63
                                    

"သော်ညံ"

ကြားနေကျအသံ၊ ရင်းနှီးနေတဲ့အသံဆိုပေမဲ့ ကြားနေကျ ခေါ်သံ ရင်းနှီးနေတဲ့ ခေါ်သံ မဟုတ်နေဘူးဆိုတာက တော်တော်ကြောင်တဲ့အချက်ပဲ။ ခြေလှမ်းတွေတုံ့သွားပြီး ကြားလိုက်တာမှ ဟုတ်ရဲ့လားဆိုတဲ့အတွေးနဲ့ နောက်ကို ပြန်လှည့်ကြည့်လိုက်တော့ မောင်မင်းကြီးသားက ဆန့်ဆန့်ကြီးရပ်နေပါလေရော။

"ငါ့ကို ခေါ်လိုက်တာလား....မင်းက...။ မင်းငါ့ကို ခေါ်လိုက်တာလား"

မဖြေဘဲနဲ့ အနားကိုလျှောက်လာတယ်။ ပိုပြီး ဒေါသထွက်သွားတာပေါ့။ ရှေ့တည့်တည့်မှာ ခြေစုံရပ်လိုက်တဲ့ သူ့မျက်နှာဆီ အဲဒီလောက်ကြီး ငုံ့ကိုင်းစရာမလိုဘဲနဲ့ တမင်ငုံ့ကိုင်းလိုက်ပြီး မျက်ခုံးတွေကို တွန့်ထားလိုက်တယ်။

"ဘာလဲ။ ငါ့ရပ်ကွက်ထဲကို ငါ့ခွင့်ပြုချက်မရဘဲ ရောက်လာပြီး ငါ့ကို အဲ့လို စုတ်တီးစုတ်ပဲ့ပုံနဲ့ မြင်သွားတာလေးနဲ့တင် နိုင်ပြီထင်နေတာလား။ ငါ့နာမည်ကိုတောင် လှမ်းခေါ်ရဲပြီပေါ့။ ငါမေးတာကို မဖြေဘဲနေရဲ...."

"မင်းဖြေနိုင်လား"

ဝါး....စကားပြောတာကိုတောင် ဖြတ်ပြောရဲသွားပြီ။

"ပြောစရာရှိရင် တည့်ပြောလိုက်။ ငါတို့က အလာပသလာပပြောနေရမယ့် ဆက်ဆံရေးမဟုတ်ဘူး"

"မင်းဖြေနိုင်လားဆိုတာ ငါ​ပြောချင်တဲ့စကားပဲ"

"မဖြေနိုင်ဘူးဆိုရင် ခုန်ပေါက်ပြီးကချင်လို့လား။ အဲ့လိုကိစ္စမျိုးရှိမှာမဟုတ်လို့ ကိုယ့်သေတွင်းကိုယ်သာ တူးထားလိုက်။ ငါမင်းကို သေချာပေါက်နိုင်မှာ။ နိုင်တဲ့ရလဒ်ထွက်ပြီဆိုတာနဲ့ ဆရာ့ကိုပေးထားတဲ့ ကတိတွေလည်းအကြုံးမဝင်တော့တာမို့လို့ အဲ့အချိန််သေပြီပဲ"

"ဝမ်းသာပါတယ်"

"ဘာ..."

"ဖြေနိုင်လို့"

အခုမှ စာမေးပွဲခန်းရှေ့မှာ၊ ဆရာတွေမျက်စိရှေ့မှာပဲရှိသေးတယ်ဆိုတာကို မေ့သွားပြီး သူ့မျက်ခွက်ကို တစ်ချက်လောက် ပိတ်ထိုးချင်စရာစကားပဲ။ ဒါပေမဲ့ ထုံးစံအတိုင်းပဲ။ ရွဲ့နေတာလည်းမဟုတ်ဘူး။ ရွဲ့နေတာမဟုတ်ပေမဲ့ ရွဲ့နေသလိုပဲမို့လို့....

Ctrl+Z(Completed)Where stories live. Discover now