Sorry
190 28 7
တကယ်တောင်းပန်ပါတယ်။ wpမှာစာရေးလာတဲ့ သက်တမ်းတစ်လျှောက်လုံးမှာ ပထမဆုံးအကြိမ်အဖြစ် ဒီတစ်ပတ် Ctrl Zကို Updateနားပါ့မယ်။ ရိပ် Updateမှန်တာကို ဘယ်လောက်တန်ဖိုးထားပြီး ဖတ်တဲ့သူတစ်ယောက်ပဲရှိရင်တောင် အဲ့ဒီတစ်ယောက်အတွက် စာဆက်ရေးတာ သိတဲ့လူဆိုသိပါတယ်။ Updateရပ်မှာစိုးလို့ အဆုံးထိရေးပြီးမှတင်တဲ့သူပါ။ နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ တကယ်က Ctrl Zနဲ့ပက်သက်ပြီး ကိုယ့်ကိုယ်ကိုယ်အားမရတာတွေအများကြီးရှိပါတယ်။ ဒီခံစားချက်ကိုလည်း ရေးခဲ့သမျှ Ficတွေထဲပဲ ပထမဆုံးအကြိမ်ခံစားရတာပါ။ ဒါပေမဲ့ လောလောဆယ် ဇာတ်အိမ်ကိုပြင်လိုက်ဖို့လည်းစိတ်ကူးမရှိပါဘူး။ ပြင်မယ်ဆိုရင်တောင် အကုန်ပြီးမှ အကုန်ဖျက်ချပြီး နောက်တစ်ကြိမ် အစကနေ ဒီကျောရိုးကို ဇာတ်လမ်းအသစ်တစ်ခုအဖြစ်ပြန်ရေးမှာပါ။ ဘာပဲဖြစ်ဖြစ် လိုအပ်ချက်တွေတအားများနေရင်လည်း ခွင့်လွှတ်ပေးကြဖို့ပဲပြောချင်ပါတယ်။ ရိပ်ရေးနေကျဇာတ်လမ်းနဲ့မတူဘဲ Plotမပါဘဲ ဇာတ်အိမ်တအားအေးနေတယ်ဆိုတာကတော့ ရိပ်ကိုယ်တိုင်ရွေးထားတဲ့လမ်းမို့လို့ လက်ခံရုံပါပဲ။ နောက်တစ်ပုဒ်ကျရင် ဒီထက်ပိုကောင်းအောင်ကြိုးစားပေးပါ့မယ်။
Updateကတော့ နောက်တစ်ပတ်ဆက်တင်ပေးနိုင်ဖို့ ကြိုးစားပါ့မယ်။ အဆုံးထိတင်မှာပါ။ စိတ်မပူပါနဲ့နော်။ ရိပ်ခဏခဏပြောပါတယ်။ တစ်ယောက်ပဲရှိရင်တောင် အဲ့ဒီတစ်ယောက်က ရိပ်အတွက်အရမ်းအဖိုးတန်တာမို့လို့ ဘယ်လောက်ပဲ ကိုယ့်ကိုယ်ကိုယ် အားမရတာဖြစ်ဖြစ် မျက်နှာလွှဲခဲပစ်ဘယ်တော့မှမလုပ်ပါဘူး။
Ctrl+Z(Completed)Dove le storie prendono vita. Scoprilo ora