အပိုင်း(၈၉)

Start from the beginning
                                    

ကိုရီးယားဆာဗာအတွက် ဗားရှင်းအသစ်က ဒီနေ့တွင် တရားဝင်ထွက်လာချေပြီ။ အလယ်လမ်းသွားChampတွေထဲ၌ Katarinaနှင့်Dianaနှစ်ကောင်လုံးက မွမ်းမံခံလိုက်ရသည်။

Leblancကလည်း အနည်းငယ်အားပျော့သွားအောင် ပြင်ဆင်ခံလိုက်ရပေမယ့် သူ(မ)၏ ဂိမ်းအစောပိုင်းနှင့် အလယ်ပိုင်းရှိ ကြောက်စရာကောင်းသည့် DPSအပေါ်ကိုတော့ သက်ရောက်မှုမရှိပေ။

Zacကတော့ အပြင်းအထန် မွမ်းမံခံထားရပေမယ့် လုပေါ်ယွမ်က ထိုJungleချန်ပီယံကို သဘောကျပုံမပေါ်။

လုပေါ်ယွမ် ကစားရတာကြိုက်သည့် Champတွေအားလုံးက Banထားသည့်စာရင်းထဲရောက်နေသည်။

လုပေါ်ယွမ်သဘောကျသည့် ချန်ပီယံတစ်ခုBanခံရတိုင်း ကျန်းရုန်၏နှုတ်ခမ်းတို့မှာ တစ်ခါစီ မဲ့သွားသည်။ အရင် ပြိုင်ပွဲတွေကြည့်ခဲ့တုန်းက ကျန်းရုန် သတိထားမိခဲ့သည့် အသေးစိတ်အချက်တစ်ခု ရှိသည်။

လုပေါ်ယွမ်၏နှုတ်ခမ်းတို့က အတော်လေး ပါးသည့်အ​ကြောင်း။

အဲဒီနှုတ်ခမ်းပါးတွေကိုနမ်းရတာက အရမ်းခံစားလို့ကောင်းတယ်............................ငိုး

ကျန်းရုန် ပေါင်မုန့်တွေကိုအတင်းမြိုချလိုက်ရင်း မျက်နှာကိုအကြမ်းပတမ်းပွတ်လိုက်ပြီးမှ Livestreamကို စလွှင့်လိုက်သည်။

အခုရက်ပိုင်းအတွင်း ကျန်းရုန်ဆီမှာ Followerတွေတစ်ရှိန်ထိုးတက်နေရာ StarTV၏ထိပ်ဆုံးငါးယောက်ထဲပင် ရောက်သွားသည်။ ကျန်းရုန် တိုက်ရိုက်ထုတ်လွှင့်တိုင်း လူတစ်ပြုံတစ်မကြီးက ရောက်လာမြဲဆိုပေမယ့် ဒီနေ့မှာတော့ သိသိသာသာပင် အရင်တုန်းကထက် လူတွေစည်ကားနေပေသည်။

မနေ့ညမှ နွေဦးရာသီပြိုင်ပွဲရှိ TTC၏လှလှပပအနိုင်ရမှုက ရေပန်းစားနေသည့်အကြောင်းအရာ မဟုတ်တော့ဘဲ ပြိုင်ပွဲအပြီးအင်တာဗျူးအတွက် တာဝန်ရှိသူ၏ သက်ဆိုင်ရာWeibo cmt boxမှာတော့ လူသတ်ကွင်းဖြစ်နေချေပြီ။

ကိုရီးယားဆိုရှယ်မီဒီယာဘက်မှ မှတ်ချက်အများစုက ကူးယူဖော်ပြခြင်းခံထားရလျက် အကောင်းပြောထားသည်မှာ တစ်ခုတစ်လေပင်မရှိ။ အခုအချိန်အထိ #Roadကအင်တာဗျူးသူကိုအော်# ၊ #ဘယ်တော့မှSoftကကိုရီးယားဆာဗာမှာကစားမှာလဲ# ဆိုသည့် အကြောင်းအရာခေါင်းစဥ်တွေက Hot Search၏အောက်ခြေနားတွင် ကုပ်တွယ်နေကြသေးသည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now