အပိုင်း(၈၃)

Start from the beginning
                                    

“စောက်ကျိုးနည်း မင်းတို့မရီးက ငါ့ကိုဒီလောက်အကြာကြီးစောင့်ရအောင် မလုပ်ဖူးဘူးလို့ ပြောရမှာဟ….”

တင်းကောက စကားပြောနေရင်း ရပ်သွားသည်။

“အများကြီးသောက်လာတာလား? နားတွေတောင်ရဲနေတယ်”

ကျန်းရုန် ထိန်းမထားနိုင်ဘဲ လှမ်းကြည့်မိသွားသည်။

လုပေါ်ယွမ်၏အသားအရည်ကတော့ ပုံမှန်အတိုင်းပင်။ သူ့နားရွက်တွေကသာ နားသီးထိတိုင်အောင် နီရဲနေပေသည်။

KTVကထွက်လာတုန်းကပင် လုပေါ်ယွမ်က မူးနေပုံမပေါ်ပေ။

ရုတ်တရက် လုပေါ်ယွမ်က သူ့ဘက်လှည့်လာပြီး နှစ်စက္ကန့်လောက် အကြည့်ချင်းဆုံနေပြီးမှ အလျင်အမြန်ပင် အကြည့်ပြန်လွှဲသွားသည်။

“နည်းနည်းပါ”

အခုကလေးတင် ဆုပ်ကိုင်ခံထားရသည့် ကျန်းရုန်၏လက်ချောင်းတို့မှာ ဖြည်းဖြည်းချင်း တစစ်စစ်ဖြစ်လာတော့သည်။

“ကြည့်ရတာ မင်းတို့ကောင်တွေ ဒီညတော်တော်ကြမ်းခဲ့ပုံပဲ။ အရင်တုန်းက ဝိုင်နီနဲ့ဝိုင်ဖြူရောပြီးချတုန်းကတောင် မျက်နှာတစ်ချက်မရဲဘူးလေ”

တင်းကောကနာရီကြည့်လိုက်ပြီး

“ကောင်းပြီ မြန်မြန်ရေမိုးချိုးပြီးအိပ်ကြတော့…..ထားလိုက်တော့ အရက်သောက်ပြီးမှ ရေချိုးနိုင်ဦးမှာလား? မနက်မှပဲချိုးပေတော့။ ဒီမှာခဏထိုင်နေဦး ပျားရည်သွားဖျော်ပေးမယ်”

ကျန်းရုန် ချက်ချင်း ဝင်ပြောလိုက်သည်။

“ကျွန်တော်လုပ်လိုက်မယ်”

“မလိုဘူး မလိုဘူး သွားအိပ်တော့”

တင်းကောကလည်း တစ်ချက်မှတုံ့ဆိုင်းမနေဘဲ ငြင်းချသည်။

“မနက်ဖြန်ကျစောစောထ။ မနက်စာစားပြီးတာနဲ့ လေ့ကျင့်လို့ရအောင်”

ကျန်းရုန်မှာ အပေါ်ထပ်ကို တွန်းပို့ခံလိုက်ရသည်။

အခန်းထဲကိုဝင်လာပြီးနောက် ကျန်းရုန် အခန်းတံခါးရှေ့မှာ မလှုပ်မရပ် တော်တော်ကြာအောင် ရပ်နေမိသည်။ လက်ရှိမှာ သူ့ခန္ဓါကိုယ်တစ်ခုလုံးက လွင့်နေသလိုခံစားရပြီး သူ့စိတ်ထဲမှာလည်း ဗလာသက်သက် ဖြစ်နေသည်။ ကျန်ရှိနေသည့်တစ်ခုတည်းသော အတွေးမှာတော့ လုပေါ်ယွမ်၏ ‘ငါမင်းကိုသဘောကျတယ်’ ဆိုသည့် စကားသာဖြစ်သည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now