Chapter 65(Ending)

Magsimula sa umpisa
                                    

"တကယ်ကို ပင်ပင်ပန်းပန်း နေခဲ့ရတယ်မလား"

"ပြန်တွေးကြည့်တော့ ရယ်ချင်စရာတွေပါ"

ရယ်သံသဲ့သဲ့နဲ့ပြောပြီးမှ သူ့ကိုမျက်လုံးတောက်တောက်တွေနဲ့ ပြန်လှည့်ကြည့်မိတယ်။

"မင်းနဲ့တွေ့ရတာကလွဲရင်"

စစ်နေကလည်း ပြုံးပြံးလေးပြန်ပြောတယ်။

"ငါလည်းမင်းနဲ့တွေ့ရတာကလွဲရင် ကျန်တာတွေက ရိုးရှင်းနေတာတွေချည်းပဲ"

ပြတင်းပေါက်ဝင်လာတဲ့နေရောင်ခြည်က အခန်းဧရိယာတော်တော်များများကို ကျူးကျော်လာတယ်။ ခဏနေရင်​တော့ လူတွေရောက်လာတော့မယ်။ ဒီဆုတံဆိပ်တွေက ပိုင်ရှင်ရတော့မယ်။ မိဘတွေက ဂုဏ်ယူကြမယ်။ ပျော်တဲ့ကလေးတွေကပျော်မယ်။ ငိုတဲ့ကလေးတွေကငိုမယ်။ ကိုယ်ကသာမလိုချင်တဲ့အရာဆို ဘာတွေများဖက်တွယ်နေကြဦးမှာလဲ။

"စစ်နေ"

"ဟင်"

"ဆုပေးပွဲမစခင် ငါတို့အခန်းထဲကိုပြန်သွားကြည့်ရအောင်"

ကျွန်တော်တို့ ထောက်ပံ့ကြေးပေးထားတဲ့ ကလေးက တစ်တန်းလုံးမှာ ဒုတိယဆုရတာမို့လို့ ဒီပွဲက မဖြစ်မနေတက်ဖို့ အဖိတ်ခံထားရတဲ့ပွဲ။ အသက်ရှူကြပ်ကြပ်နဲ့လုပ်နေရတဲ့ အဖေ့ရဲ့ ဟန်ရေးပြပွဲကြီးမဟုတ်ဘူး။ တကယ်လို့ အဲ့ဒီလို ဟန်ရေးပြပွဲဆိုရင်တောင် ကျွန်တော့်ဘေးမှာ စစ်နေရှိနေတာမို့လို့ ရင်ဆိုင်ဖို့ သတ္တိမွေးနိုင်ခဲ့ပြီ။ ဒီနေ့တော့ အဖေမပါလာဘူး။ တခြားဘယ်သူမှမပါတဲ့ ကျွန်တော်တို့နှစ်ယောက်တည်းတက်လာတဲ့ပွဲပါ။

အပေါ်ထက်တက်ဖို့ လှေကားဆီလျှောက်လာတဲ့အချိန်မှာပဲ လှေကားရင်းမှာ ထင်မှတ်မထားတဲ့သူနဲ့တွေ့တာမို့လို့ ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ ခြေလှမ်းတွေရပ်တန့်သွားတော့တယ်။

"သော်ညံ မင်းမလား"

လှစ်ခနဲ ပြုံးလိုက်မိတဲ့အပြုံးက အရင်လို ခပ်ရွဲ့ရွဲ့အပြုံးမဟုတ်တော့ပါဘူး။ မျိုးမြင့်ထွန်းက ကျွန်တော်နဲ့ ကျွန်တော့်ဘေးမှာရပ်နေတဲ့ စစ်နေကို နားမလည်သလို တစ်လှည့်စီကြည့်တယ်။

Ctrl+Z(Completed)Tahanan ng mga kuwento. Tumuklas ngayon