အပိုင်း(၆၈)

Start from the beginning
                                    

ကျန်းရုန် ချက်ချင်းပဲ အကြည့်လွှဲလိုက်မိသည်။ ထို့​နောက် မျက်လွှာချလိုက်ပြီး သူ့​ရှေ့ရှိကီးဘုတ်မှခလုတ်​တွေကို ​လျှောက်နှိပ်လိုက်၏။ သူခိုးလူမိဖြစ်သွားသည်​ကြောင့် ​လေသံကပါမာသွား​လေသည်။
 
“မရှိဘူး”
 
လု​ပေါ်ယွမ် ဝန်ထမ်း​တွေအတွက် လက်မှတ်ထိုး​ပေးပြီးချိန် ကျန်းရုန်နှင့် ထိုအနုပညာရှင်​ကောင်မ​လေး စကား​ပြော​နေသည်အား မြင်လိုက်ရသည်။
 
ကျန်းရုန်က မျက်လွှာချလျက် စကား​ပြော​နေပြီး တက်ကြွမ​နေ​ပေ။ စကား​ပြော​နေရင်း ကျန်းရုန်က နားကိုလက်နဲ့လှမ်းကိုင်လိုက်​သေးသည်။
 
မိန်းက​လေးတစ်​ယောက်က သူ့​ရှေ့မှဖြတ်သွားသည်။ ထိုမိန်းက​လေးက ဖုန်းကို လက်နှစ်ဖက်နှင့်စုကိုင်ထားတာ ဖုန်းတစ်ဖက်ခြမ်းမှလူကို တိုးတိုး​လေး​ပြောပြ​နေသည်။ သူမရဲ့မျက်လုံး​တွေက​တော့ ရိုက်ကူး​ရေး​နေရာဆီတွင် ​ကျောက်ချထား​သည်။
 
“Softကငါတို့​ဘေးကစတူဒီယိုမှာ ဓါတ်ပုံရိုက်​နေတာသိလား! ငါအခုခိုးဝင်လာတာ! ငါ့အလုပ်ကို​ပြောတာလား? သူတို့က ရိုက်ကူး​ရေး​တောင်ပြီး​တော့မယ်….ငါကမိတ်ကပ်ဆရာရဲ့လက်​ထောက်ပဲဟာကို ငါအဲ့မှာရှိရှိမရှိရှိ အ​ရေးမကြီးပါဘူး မိတ်ကပ်ပြင်​ပေးရတဲ့သူကလည်း ငါမှမဟုတ်တာ။ Saviorလား? သူလည်းအရမ်းချစ်ဖို့​ကောင်းတယ်”

“ဟဲ့ Softရဲ့တွဲဘက်ကချိုးချိုးသိလား”

“တကယ်ပြောတာ ချိုးချိုးပါဆို….ဘာပြောတယ် နင့်ဘုရားမရဲ့Imageကျမယ်ဟုတ်လား? Softကလည်း အရမ်းချောပါတယ်နော် ကောင်မ။ သူ့အကြောင်းမကြားဖူးဘူးလား…..သူကအခုမှ LPLဆီရောက်လာတာလေ နင်အခုနောက်ပိုင်း အနုပညာရှင်တွေနောက်ပဲ လျှောက်လိုက်နေတာ (သဘောကျတာ) သူ့ကိုမသိတာဖြစ်နိုင်ပါတယ်။ ကျစ် နင်ငါပြောတာကိုမယုံရင် video callပြမယ် ကြည့်ကြည့်လိုက်”

ထိုမိန်းကလေးက Wechatနှင့် Video callလိုက်သည်။

“နင့်မျက်လုံးနဲ့နင်သေချာကြည့် နင်ကငါပြောတာမှမယုံတာ ငါပြောသားပဲ သူကအရမ်းချောပါတယ်ဆို။ ပြောရင်းနဲ့ ချိုးချိုးနဲ့Softက လိုက်တော့လိုက်တယ်နော်။ အသက်ကလည်း ရွယ်တူလောက်လေးတွေ။ နင်ရောထင်လား သူတို့တွေ….”

||Complete|| I Can Do It [MM Translation]Where stories live. Discover now