အပိုင်း(၆၇)

Start from the beginning
                                    

အသက်၂၃နှစ်သာရှိ​သေးပြီး အဆုတ်ကင်ဆာဖြစ်သည့်သတင်းမှာ Clubအများစုကို ​​ခြောက်လန့်သွားပြီး ​နောက်ပိုင်းမှာ​တော့ သူတို့ကစားသမား​တွေကို ​ဆေးလိပ်ဖြတ်ခိုင်းကြ​တော့သည်။

တင်း​ကောသည်လည်း အံကိုကြိတ်ကာ ဒီလိုအကြင်နာတရားမဲ့သည့်စည်းမျဥ်းမျိုး ရုတ်ချည်း ထုတ်ပြန်လိုက်ရ​လေသည်။ သို့​သော်လည်း ဒဏ်​ငွေ​တွေအားလုံးကို ကစားသမား​တွေအတွက်သာ အသုံးပြုသည်ပင်။ မှာစားသည့်အစားအ​သောက်ဖိုး၊ စား​သောက်ဆိုင်​တွေတွင် ထွက်စားသည့်ကျသင့်​ငွေ​​တွေ၊ တခါတရံ အင်္ကျီအသစ်​တွေအတွက်ပင် ​ပိုက်ဆံရှင်းသူက သူသာဖြစ်သည်။ လက်​တွေ့ကျကျ​ပြောရလျှင် အသင်းသား​တွေက သူ့ဆီပိုက်ဆံလာစု​နေသည်နှင့်ပင် တူ​တော့သည်။

"မင်း​ဆေးလိပ်ပြတ်​နေပြီမဟုတ်ဘူးလား?"

တင်း​ကောက မျက်​မှောင်ကျုံ့ကာဆိုလာသည်။

"ဘာလို့ဒီရက်ပိုင်းပြန်​သောက်​နေတာလဲ?"

လု​ပေါ်ယွမ်က ဖုန်းကို အင်္ကျီအိတ်ထဲသို့ ထိုးထည့်လိုက်သည်။

"ကျွန်​တော်တစ်လိပ်ပဲ​သောက်ခဲ့တာပါ။ အများစုက အကင်ဆိုင်က​နေ အနံ့စွဲလာတာ"

တင်း​ကော စဥ်းစားမိသွား၏။ ညသန်း​ခေါင်ကြီး လု​ပေါ်ယွမ်ဆီဖုန်းဆက်သည်ဆိုကတည်းက XIUကစိတ်ညစ်​နေပုံရကာ PUDရဲ့လတ်တ​လောအ​တွင်းသတင်း​တွေနဲ့ ဆက်စပ်ကြည့်လိုက်​တော့.....

တင်း​ကောမှာ သက်ပြင်းခိုးချလိုက်မိသည်။

"ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်းပဲ​သောက်။ ငါမနက်စာဝယ်လာတယ် သွားစား​တော့"

ဒီ​နေ့​အတွက်​တော့ TTCရဲ့​လေ့ကျင့်​ရေးအခန်းက ဆူညံပွက်​လောရိုက်​နေသည်။

ယွမ်ချန်းက​ ရေတစ်ငုံမော့​သောက်လိုက်ပြီး--

"အခု​နောက်ပိုင်း ဘယ်Champကို​လေ့ကျင့်​နေလဲ.....​သေချာ​ပေါက် ဘယ်​ပြောပြလို့ရမလဲ။ ဒီတိုင်းစောင့်ကြည့်နေလေ မကြာခင်သိရမှာပေါ့။ ကျွန်တော့်ကိုfollowမလုပ်ရသေးတဲ့ wfတွေရှိရင် followခလုတ်ကိုနှိပ်သွားကြပါဦး followerကွက်တိပြည့်ဖို့ နှစ်ရာကျော်ပဲလိုတော့တယ်”

||Complete|| I Can Do It [MM Translation]Where stories live. Discover now