Ch-1.1

8.6K 481 4
                                    

အခန်း ၁.၁

ရှောင်းယိုနဥ်က မြေပြင်ပေါ်တွင် အမြစ်တွယ်နေသလို မတ်တပ်ရပ်နေပြီး သူမလက်ထဲတွင် ကွာရှင်းစာတစ်စောင်ကို ကိုင်ထားသည်။

သူမ၏အနောက်ဘက်တွင် လက်ရာမြောက်သော Qiangong အိပ်ယာ*၁ တစ် ခုရှိသည်။ ထိုအပေါ်တွင် မန်ဒရင်းဘဲများ*၂ နှင့် ပန်းထိုးချုပ်လုပ်ထားသော ကြက်သွေးရောင် စောင်တစ်ထည်ကို ဖုံးအုပ်ထားသည်။ မကြာသေးမီက ကုတင်၏ ခေါင်မိုးပေါ်၌ မြေပဲနှင့် အနီရောင် ရက်စွဲများ*၃ကို ဂုဏ်ကျက်သရေရှိစွာဖြင့် ဖြန်းခင်းထားခဲ့သည်။

ပွဲလမ်းသဘင်အမှတ်အသားနှင့် နွေးထွေးသော အနီရောင် ပတ်ဝန်းကျင်က သူမကို ဝိုင်းရံထားသော်လည်း ဤအခိုက်အတန့်တွင် သူမသည် ရေခဲတွင်းထဲသို့ ကျသွားသလို ခံစားရသည်။ အအေးဓာတ်သည် သူမ၏ အရိုးအက်ကြောင်းများထဲအထိ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်သွားပြီး သူမ၏ သွားများပင် တဆတ်ဆတ် တုန်ခါသွားလောက်အောင် အေးစက်နေခဲ့သည်။

"ရှင်တို့ လီမိသားစုက ကျွန်မကို ကွာရှင်းဖို့ တောင်းဆိုနေတာလား"

သူမလက်ထဲတွင် ပေါ့ပေါ့ဆဆ ရေးထားသော ကွာရှင်းစာတစ်စောင်ကို လိုက်ထားရင်း သူ့မင်္ဂလာဆောင်အဝတ်အစားများ ပြောင်းလဲပြီးနေပြီဖြစ်သော လီချင်ကျစ်နှင့် ထိပ်တိုက် ရင်ဆိုင်ခဲ့သည်။ များပြားလှသော ခံစားချက်များက သူမနှလုံးသားကို ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ၎င်းတို့ထဲတွင် ခါးသီးသောစိတ်ပျက်မှုများက ဒေါသအဖြစ်သို့ လျင်မြန်စွာပြောင်းလဲသွားသည်။

ရှောင်းယိုနဥ်က ဒေါသတကြီး အော်ဟစ်ရန် ပါးစပ်ကို ဖွင့်လိုက်သော်လည်း သူမကြားသမျှမှာ သူမ၏ အေးစက်သော အသံသာ ဖြစ်သည်။

သူမ ပြောတာကိုကြားတော့ လီချင်ကျစ်ရဲ့ မျက်လုံးတွေ တောက်ပလာပြီး သူမကို တစ်ချက်ကြည့်လိုက်ပေမယ့် သူက သူမ မျက်နှာကို ထပ်မကြည့်ရဲတော့ဘူး။ သူက ခေါင်းကို လှည့်လိုက်ပြီး တောက်လောင်နေတဲ့ နဂါးနဲ့ ဖီးနစ်ဖယောင်းတိုင်တွေကို*၄ စိုက်ကြည့်နေတယ်။

မမျှော်လင့်ဘဲ သူ့တိတ်ဆိတ်နေချိန်တွင် ရှောင်းယိုနဥ်က ရယ်ချင်လာသည်။

ဒုတိယအကြိမ်...လက်ထပ်ခြင်းWhere stories live. Discover now