Chapter 100

2.4K 125 10
                                    


ထို့နောက် ရှရှင်းချန် ထိုအင်္ကျီကို ဟော်တယ်သို့ပြန်ယူလာပြီး တစ်ညလုံး အတူပျော်ပါးလိုက်တော့သည်။ နောက်ပိုင်းမှာတော့ သူ ထိုအင်္ကျီကို လွှတ်မပစ်နိုင်ဖြစ်သွားတာမို့ သန့်သန့်ရှင်းရှင်းလျှော်ပြီးတာနှင့် သူ့အဝတ်စားအိတ်ထဲကို ပြန်ခေါက်ထည့်ထားလိုက်ပြီး ယန်ယိုမင်အဝတ်ဗီဒိုထဲရောက်သွားရာ အရောင်အဆင်းကင်းမဲ့သည့်အဝတ်အစားများအကြား နေရာလွဲရောက်နေသလိုထင်းနေ၏။

ရှရှင်းချန် 'မတော်တဆလူသတ်မှု' အတွက် သူ့ဇာတ်ကွက်များအားလုံး ရိုက်ပြီးသွားတာနှင့် ပစ္စည်းများသိမ်းစည်း၍ ရိုက်ကူးရေးအဖွဲ့မှ စောစောထွက်လာတော့သည်။

သူပြန်မည့်နေ့မနက်က စောလွန်းတာမို့ သူ ဟော်တယ်အပြင်တွင်ရပ်ထားသည့် SUV ကားပေါ် ခရီးဆောင်အိတ်ကို လက်မှကိုင်၍ တက်သွားချိန်မှာတောင် ကောင်းကင်က မထိန်လင်းသေး။

ယန်ယိုမင်က ကားမောင်းသူဖြစ်ပြီး ကားပေါ်တွင် သူတို့နှစ်ယောက်သာရှိ၏။ ရှရှင်းချန် သူ့ဘေးတွင် ဝင်ထိုင်၍ ခါးပတ်ပတ်ပြီးသည်နှင့် ယန်ယိုမင် ကားစက်နိုးပြီး စထွက်လိုက်သည်။

ကားမောင်းနေရင်း ယန်ယိုမင် ရှရှင်းချန်ကို လှမ်းပြောလာသည်။ "မင်း အိပ်ချင်ရင် ခဏလောက်မှေးလိုက်။ အဲ့ရောက်ရင် ကိုယ် မင်းကိုနိုးမယ်။"

သူ အိမ်မှ ရိုက်ကူးရေးနေရာအထိ တစ်ယောက်တည်း ကားမောင်းလာခဲ့တာဖြစ်၏။

ဦးထုပ်နှင့် mask များ ဝတ်ဆင်ထားသည့်ရှရှင်းချန်မှာ ဘေးရှိလူကို ခေါင်းလှည့်၍ တစ်ချက်လှမ်းကြည့်လိုက်သည်။ "မအိပ်ငိုက်ဘူး။ ကျွန်တော် နည်းနည်းစိတ်လှုပ်ရှားနေတာ။"

ယန်ယိုမင် အသံထွက်ရယ်လာပြီး သူ့အကြည့်များကတော့ အရှေ့ကိုသာ တစိုက်မတ်မတ်ကြည့်နေဆဲ။

ရှရှင်းချန် မေးလိုက်သည်။ "ကောအိမ်က ဒီလောက်ကြီးတာ၊ ကောတစ်ယောက်တည်း နေတာလား။"

ယန်ယိုမင် ပြောလာသည်။ "'ထျန်း' မျိုးရိုးနဲ့ အန်တီတစ်ယောက်တော့ရှိတယ်။ မင်း သူ့ကို အန်တီထျန်းလို့ခေါ်လို့ရတယ်။ သူက အရင်ကတည်းက အဲ့မှာနေလာခဲ့တာ၊ အိမ်ကို ကိုယ် ဝယ်လိုက်တော့ သူ့ဘက်က မဆင်းသွားချင်တာနဲ့ ကိုယ်လည်း ဆက်နေခွင့်ပေးထားလိုက်တာ။ သူက နေ့တိုင်း အိမ်ကိုသန့်ရှင်းပေးတယ်။ ကိုယ်တို့အတွက် ဟင်းချက်ခိုင်းလို့လည်းရတယ်။"

You've reached the end of published parts.

⏰ Last updated: Feb 14, 2023 ⏰

Add this story to your Library to get notified about new parts!

The Star around the Sun 明日星程 [Unicode]Where stories live. Discover now