Chapter 81

1.1K 139 7
                                    


ဟွမ်းကျီစင်း စတူဒီယိုသို့ ကားမောင်းသွားလိုက်ကာ စာချုပ်အား ကိုင်တွယ်ဖြေရှင်းပြီးနောက် ရှရှင်းချန် ကြေငြာရိုက်ကူးရေးပြီးသည်အထိ စောင့်နေပေးလိုက်သည်။

ပြန်လာချိန်တွင် ဟွမ်းကျီစင်း အလွန်အမင်းနှုတ်ဆိတ်လျက် ရှိတာကို ရှရှင်းချန် သတိထားမိသွားသည်။ သူ အထူးအဆန်းဖြစ်သွားပြီး မေးလိုက်သည်။ "ဘယ်လိုဖြစ်လို့ အခုကျ ဘာမှမပြောတော့တာလဲ။"

ဟွမ်းကျီစင်း သူ့အား နောက်ကြည့်မှန်မှ လှမ်းကြည့်ပြီး ပြောလိုက်သည်။ "ထပ်ပြောစရာ ဘာမှ မကျန်တော့ဘူး။"

ဟွမ်းကျီစင်း စိတ်မပျော်မရွှင်ဖြစ်နေသေးသည်ဟု ရှရှင်းချန် တွေးလိုက်မိတာမို့ သူ ဆိတ်ဆိတ်နေပြီးသာ ခေါင်းငုံ့လျက် ဖုန်းဆော့နေလိုက်သည်။

ညနေခင်းအချိန်တွင်တော့ ယန်ယိုမင် ဧည့်ခန်းရှိ ဆိုဖာပေါ်ထိုင်ရင်း ဇာတ်ညွှန်းဖတ်နေသည်။ ဇာတ်ညွှန်းတစ်အုပ်ကို လက်တစ်ဖက်တွင်ကိုင်ထားပြီး ကျန်ဇာတ်ညွှန်းသုံးအုပ်ကတော့ သူ့အရှေ့ ကော်ဖီတင် စားပွဲပေါ်တွင် ပြန့်ကျဲရှိနေသည်။

သူ ဆိုဖာကို နောက်မှီထိုင်နေကာ သူ့ကိုယ်ဟန်အနေအထားက အလွန်ကို သက်တောင့်သက်သာရှိနေပုံပေါ်လျက် ရှည်သွယ်လှသည့် ခြေတံများက စားပွဲပေါ် ဆန့်တင်ထားပြီးနောက် ဇာတ်ညွှန်းကိုင်ထားသည့် လက်တစ်ဖက်ကို မြှောက်ထားရင်း ခေါင်းစောင်းကာ အာရုံတစိုက်ဖတ်နေလေသည်။

ရှရှင်းချန်ကလည်း ဇာတ်ညွှန်းဖတ်လျက်ရှိနေပေမယ့် သူကတော့ ယန်ယိုမင်ပေါင်ပေါ်တွင် လှဲလျောင်းလျက်ရှိနေသည်။ လက်နှစ်ဖက်လုံးဖြင့် 'မတော်တဆ လူသတ်မှု'ဟူသည့် ဇာတ်ကားအညွှန်းကို ကိုင်ထားရင်း သူ မျဉ်းဆွဲပြီး မှတ်ထားသည့် ဇာတ်ကြောင်းများကို ဖြည်းဖြည်းချင်း မှတ်သား ဖတ်ရှုလျက်ရှိသည်။

သူ ဇာတ်ညွှန်းကို တစ်ခေါက်ထက်မက ဖတ်ပြီးနေပြီ ဖြစ်ပြီး ချင်းကျန်းချီ ဇာတ်ကောင်ပြောရမည့် စကားများအကုန်လုံးကို အရောင်စုံ အမှတ်အသားများဖြင့် ခြယ်မှတ်ထားသည်။ သူ ဇာတ်ညွှန်းကို ဖတ်လိုက်သည့် အကြိမ်တိုင်း ထိုအကြောင်းအရာတိုင်းကို သူ့ခေါင်းအတွင်း ပုံရိပ်များအဖြစ် ပြောင်းလဲပစ်လိုက်ပြီး ထို့နောက်တွင်တော့ သူ့ကိုယ်သူ ထိုဇာတ်ကောင်အတွင်း နစ်ဝင်သွားစေကာ ထိုအခြေအနေများအတွင်း ချင်းကျန်းချီ၏ ပြောရမည့်် စာကြောင်းတိုင်းအတွက် ဖြစ်နေမည့် အမူအရာနှင့် အသံအနေအထားများကို စိတ်ကူးမြင်ယောင်ကြည့်နေမိသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now