Chapter 36

1.3K 225 10
                                    

-Script Mood-

နွေရာသီ အပူချိန်က လျော့နည်းသွားခြင်း မရှိသေး။ ကတ္တရာလမ်းပေါ် တောက်ပသည့် အဖြူရောင် နေအလင်းများ ထိုးဆင်းကျနေဆဲပင်။ သို့ပေမယ့် ဖန်းကျန်းယွမ် အတွက်တော့ မမေ့ရအောင် ပျော်ရွှင်ခဲ့ရသည့် နွေရာသီကျောင်းပိတ်ရက်လေးက အဆုံးသတ်ချိန်သို့ ရောက်လာခဲ့ပြီ။

နေ့လည်ခင်းချိန်တွင် သူ ကုန်စုံဆိုင်ထဲတွင် တစ်ယောက်တည်း ထိုင်ရင်း ဆိုင်စောင့်နေသည်။ သူ့အမေက အခုမှ နေကောင်းခါစ ဆိုပေမယ့် ဘေးအခန်းတွင် မာကျောင့် ကစားနေပြီ။ ဘယ်သူမှ သူမနှင့် မကစားပေးရင်တောင် သူမကအဲ့နေရာမှာ တစ်နေ့ခင်းလုံး ထိုင်စောင့်နေမည့်ပုံ။

ဖန်းကျန်းယွမ် ဘောပင် တစ်ချောင်း ယူကာ သတင်းစာဟောင်းပေါ်တွင် တောင်ခြစ်မြောက်ခြစ် လုပ်နေလိုက်သည်။ ထိုအချိန်တွင် အမျိုးသမီးတစ်ဦး သူတို့ဆိုင်ထဲ ဝင်လာကာ "မင်းအတွက် ပျော်စရာ နွေရာသီ ပိတ်ရက်ကုန်ဆုံးသွားပြီ" ဟု ကြိုတင် လာကြော်ငြာ သွားတော့သည်။

ထိုအမျိုးသမီးမှာ ပုခုံးထိ ရှည်သည့် ဆံပင်များ ရှိပြီး အသက် ၂၇-၂၈ကြားတွင် ရှိသည်။ သူမက အရမ်းလှတာလည်း မဟုတ်။ သို့ပေမယ့် သူမက အရပ်ရှည်သည်၊ သွယ်လျကာ စတိုင်ကျသည့် အဖြူရောင် ဝတ်စုံလေး ဝတ်ထားပြီး နှုတ်ခမ်းနီ ဆိုးထားသည်။

သူမက ကုန်စုံဆိုင် ကောင်တာရှေ့မှာ မတ်တပ်ရပ်ရင်း ဖန်းကျန်းယွမ်အား မေးလိုက်သည်။ "မောင်လေး၊ ယွီယိုင်ဟန်က ဒီမှာ နေတာလား။"

ကောင်တာမှာ ပျင်းပျင်းရိရိ ထိုင်နေတဲ့ ဖန်းကျန်းယွမ် ခါးဖြည်းဖြည်းချင်း ဆန့်လိုက်သည်။ သူ သူမကို စိုက်ကြည့်ရင်း မေးလိုက်သည်။

"အစ်မက ဘာအတွက် လာတာလဲ။"

အနီရောင် ပိုက်ဆံအိတ် သေးသေးလေးကို လက်တစ်ဖက်က ကိုင်ထားပြီး ကျန်တစ်ဖက်က အိတ်ကြီးကြီး တစ်ခုကိုဆွဲကိုင်ထားသည်။

"အစ်မက သူ့ကို ရှာနေတာ။ သူ ဒီမှာနေတာလား။"

ဖန်းကျန်းယွမ် ဘောပင်ကို ကိုင်ထားဆဲ ဖြစ်သည်။ သူ့ မျက်တောင်များ မသိမသာ တုန်ယင်လာသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now