Chapter 20

1.4K 241 2
                                    


ရှရှင်းချန် နှစ်ရက်ကြာအောင် ဖျားခဲ့ပြီး သုံးရက်မြောက်နေ့တွင်တော့ အားပြန်ပြည့်လာပြီ ဖြစ်တာကြောင့် ရိုက်ကူးရေး ပြန်စတင်တော့သည်။

-Script Scene-

ထိုညသည် ရာသီဥတုသည် ယခင်ကထက် ထူးထူးခြားခြား ပူနေသည်။ ဖန်းကျန်းယွမ် ရေချိုးကာ ရေချိုးခန်းထဲကထွက်လာသည်နှင့် ပန်ကာကို ဖွင့်လိုက်သည်။ လေသွားရာအရပ်ကို သူ့ဘက်သူ ချိန်လိုက်မှ အေးသွားသလို ခံစားရတော့သည်။

သူ အိပ်ယာအစွန်းမှာ ထိုင်နေပြီး ဝတ်ထားသော ဘောင်းဘီတိုမှ ဖြူလျော့နေသော ခြေထောက်နှစ်ဘက် ဆန့်ကာထွက်နေသည်။ သူ့ညှပ်ဖိနပ်ကို ဝတ်မည့်အစား ခြေချောင်းများဖြင့် ကောက်ယူပြီး လေလာဘက်ကို ထားကာ အမြန်ခြောက်သွားဖို့ လုပ်လိုက်သည်။

အပေါ်ထပ်အခန်းသည် တိတ်ဆိတ်နေသည်။

ဖန်းကျန်းယွမ် တံတောင်ဖြင့် အိပ်ယာကို ထောက်ကာ အနောက်သို့ မှီချရင်း မျက်နှာကြက်သို့ မော့ကြည့်လိုက်သည်။ ယွီဟိုင်ယန် အိမ်ပြန်မရောက်သေးကြောင်း သူ သိသည်။

သူတို့ အိမ်သေးလေး၏ အသံလုံမှုသည် ထင်သလောက် မကောင်းလှ။ တစ်ခါတစ်ရံဆိုရင်ဖြင့် တစ်ဖက်အခန်းမှသူ့အမေ TVသံကို သူကြားရအောင် အသံကျယ်နှင့်ပင် ဖွင့်ပေးလေ့ရှိသည်။

ယွီဟိုင်ယန် ပြန်ရောက်ပါက လှေကားထစ်ပေါ် တက်နေသည့် သူ၏ ခြေလှမ်းတိုင်းကို ဖန်းကျန်းယွမ် ထင်ရှားစွာကြားနေရသည်။

ဖန်းကျန်းယွမ် အိမ်ယာဘေးမှ Alarmနာရီကို တစ်ချက် ကြည့်လိုက်မိသည်။ အချိန်ကား 10နာရီကျော်သွားပြီ။

ထိုအချိန်အတွင်း၌ အခန်းအတွင်းမှ ပန်ကာအသံသည် တဖြည်းဖြည်း ကျယ်လာသည်။

ဖန်းကျန်းယွမ် နာရီကို ငေးနေရာမှ ပန်ကာကို သတိထားကာ ကြည့်လိုက်မိသည်။

ပန်ကာမှ ဝူးဝူးဆိုသည့် နာကျင်စွာ ငြီးငြူနေသည့် ပုံစံ အသံများ ထွက်နေသည်။ အသံသည် ကျယ်လောင်နေပေမယ့် ပန်ကာလှည့်အားကတော့ တဖြည်းဖြည်း နှေးသွားလေသည်။ ဖန်းကျန်းယွမ် ငေးကြည့်နေစဉ်မှာပဲ ပန်ကာ ရပ်မလို ဖြစ်သွားကာ တစ်ဖန် အရှိန်အပြင်းဖြင့် ပြန်လည်ကာ ပန်ကာ လက်တံများ အပြင်းအထန် တုန်ခါလျက်ပင် ရှိသည်။ အချိန်အများကြီး မကြာခင်မှာပဲ ပန်ကာလည်နှုန်းသည် ပြန်နှေးသွားသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now