Chapter 45

1.3K 233 29
                                    


ရှရှင်းချန် ဝိုင်နီတစ်ခွက်ကို ယူပြီး ယန်ယိုမင်ဘေးသို့ လျှောက်သွားလိုက်သည်။

ယန်ယိုမင်ကို ကမ်းပေ့လာလုပ်သူမှာ အခုလေးတင် ထွက်သွားတာ ဖြစ်သည်။ ယန်ယိုမင်က ဖန်ခွက် တစ်ဝက်လောက် ပြည့်နေသေးသည့် ဝိုင်ဖြူခွက်ကို ကိုင်ထားသည်။ ထိုးဖောက်မြင်နေရသည့် အရည်များက ဟိုဟိုဒီဒီ ယိမ်းကာနေသည်။

ရှရှင်းချန် လျှောက်လာနေတာကို သတိထားမိတော့ ထိုင်ခုံကို မှီထိုင်နေသည့် သူ့နောက်ကျောလေးက အနည်းငယ်မတ်သွားသည်။ သူ ရှရှင်းချန် ရှိရာသို့ ကြည့်လာသည်။

ထိုအချိန်မှာပဲ နောက်ထပ် လူနှစ်ယောက်က ယန်ယိုမင်ကို ကမ်းပေ့လုပ်ပေးဖို့ ရုတ်တရက် ရောက်လာသည်။

ယန်ယိုမင် ပြုံးကာ ဖန်ခွက်ချင်း ထိလိုက်ပြီးနောက် ဖန်ခွက်အား သူ့နှုတ်ခမ်းနားသို့ ယူဆောင်ကာ အနည်းငယ်မျှ ငုံလိုက်သည်။

ရှရှင်းချန် သူသွားမို့ လုပ်နေတာကို ရပ်လိုက်သည်။ သူရပ်နေသည့် နေရာအနီး စားပွဲဝိုင်းမှ ကောင်မလေးများက"ရှောင်းရှင်းကော"ဟု ခေါ်လာတာမို့ သူ လှည့်ကြည့်လိုက်သည်။ ကောင်မလေးများက သူ့ကို နှုတ်ဆက်လာပြီး သူလည်း ထိုစားပွဲမှာ အချိန်ခဏကြာအောင် ထိုင်နေလိုက်သည်။

သူက ပေါင်းသင်းရလွယ်သူ ဖြစ်သည်။ ယဉ်ကျေးပေမယ့် အကန့်ခြားထားသော ယန်ယိုမင်လို မဟုတ်ပဲ သူကအသင်းသားတိုင်းနှင့် လွယ်လွယ်ကူကူ ပေါ့ပေါ့ပါးပါး စကားပြောဆိုနိုင်သည်။ အထူးသဖြင့် အသက်မရွယ် မရွေးသူ့ကို သဘောကျအားပေးသည့် မိန်းကလေး အသင်းသားများကို ဖြစ်သည်။

အခေါ်ခံရပြီးသည့်နောက် ကောင်မလေးများက သူ့ဖန်ခွက်ထဲသို့ ဝိုင်နီ အများအပြားကို အောင်အောင်မြင်မြင်နှင့်ထည့်ပေးလိုက်နိုင်သည်။ သူ့မှာ စိုးရိမ်စရာတွေ များနေတာမို့ သူတို့အကုန်လုံးကို အလျင်အမြန်ပဲ မော့သောက်ချလိုက်သည်။

သူ ယန်ယိုမင် ရောက်မလာခင်အထိ ဆက်တိုက် သောက်နေမိသည်။ ရှရှင်းချန် ထိုင်နေသည့် ထိုင်ခုံကျောဘက်ကိုကိုင်ထားရင်း ယန်ယိုမင် စားပွဲပေါ်ရှိ ကောင်မလေးငယ်တိုင်းကို ပြောလိုက်သည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now