Chapter 80

1K 136 9
                                    


ရှရှင်းချန် မော်ဒယ်အဖြစ် လက်ခံယူထားသည့် ပစ္စည်းအတွက် ကြော်ငြာဓာတ်ပုံရိုက်ရန် လိုအပ်လာချိန်မှာတော့ ဟွမ်းကျီစင်း သူ့အား ကားဖြင့် လာခေါ်ကြိုလိုက်သည်။

ဟွမ်းကျီစင်း အပေါ်ထပ်ကို တက်မသွားပဲ ကားကိုသာ မြေအောက်ကားထားခန်းတွင် ထိုးရပ်ထားလိုက်သည်။

ရှရှင်းချန် အနောက်ကားတံခါးကို ဖွင့်ပြီး ဝင်ထိုင်လိုက်ချိန် သူ အနည်းငယ်မျှ သက်တောင့်သက်သာ မရှိသလို ခံစားလိုက်ရပြီး ဟွမ်ကျီစင်းအား အေးစက်စက်မျက်နှာနှင့် စကား မပြောပဲ နေလိုက်သည်။

ဟွမ်ကျီစင်း သူ့အား ကားနောက်ကြည့်မှန်မှ လှမ်းကြည့်ပြီး ရုတ်တရုတ်ပြောလိုက်သည်။ "ငါ တောင်းပန်တယ်။"

အလေးအနက်ထားပြောလာသည့် တောင်းပန်သံကို ကြားလိုက်ရချိန်မှာတော့ ရှရှင်းချန် ဘာလုပ်လို့ဘာကိုင်ရ မသိဖြစ်သွားသည်။ ကားအပြင်ဘက်ကို မျက်နှာမူရင်း သူ တီးတိုးပြောလိုက်သည်။ "ဘာမှ မဖြစ်ဘူး။" သေချာပြန်တွေးကြည့်ပါက ဟွမ်းကျီစင်း အမှားလုပ်ထားသည်လည်း တစ်ခုမှ မရှိ။

ဟွမ်းကျီစင်း မြေအောက်ကားရပ်နားရာ နေရာမှ မောင်းထွက်ရင်း ပြောလိုက်သည်။ "မင်း စိတ်မဆိုးတော့ဘူးလား။"

ရှရှင်းချန်က ဖောင်းပွပွ အပေါ်ဝတ်လေး ဝတ်ထားပြီး သူ့လက်များကလည်း အိတ်ကပ်ထဲ ထည့်ထားတာမို့ အရုပ်ဆိုင်စင်ပေါ်မှ ဘဲရုပ်လေးနှင့်တောင် တူလှသည်။ သူ ပြောလိုက်သည်။ "စိတ်ဆိုးလို့ ကောင်းတာ ဘာရှိလဲ။"

ဟွမ်းကျီစင်း ပြုံးလိုက်သည်။ "ဒါဆို ကောင်းတာပဲ၊ မင်း ကြည့်၊ ငါ မင်းအတွက် နေ့တိုင်း အလုပ်လုပ်ပေးနေရတာ ဆံပင်ဖြူတွေတောင် ပေါက်လာပြီ။"

ရှရှင်းချန် ထိုစကားများ ကြားချိန်မှာတော့ ဟွမ်းကျီစင်း၏ ဆံပင်ကို လှမ်းကြည့်လိုက်မိသည်။ ခေါင်းအနောက်နားမှ နေရာလေးက တကယ်ကို ဆံပင်ဖြူများ ရောထွေးလျက်ရှိနေသည်။ ဟွမ်းကျီစင်း အလုပ်အရမ်းကြိုးစားပြီး ကုမ္ပဏီကို ရောက်နေတာ ကြာပြီမှန်းလည်း သူ သိသည်။ တစ်နှစ်ကျော် ကြိုးစားခဲ့ရခြင်းများ တိုးတက်လာချိန်မှသာ ချိုင်မေ့တင်းက သူ့အား အာရုံစိုက်မိလာတာဖြစ်သည်။ ထိုမတိုင်ခင်ကတော့ သူ့အတွက်အရာရာကို ဟွမ်းကျီစင်းကသာ ကြိုးစား ရယူပေးရတာဖြစ်သည်။ ထို့ကြောင့်လည်း သူတို့နှစ်ယောက်ကြားက ဆက်ဆံရေးက အလုပ်အရ ပူးပေါင်းခြင်းဆိုသည်ထက်ကို နက်ရှိုင်းလေးနက်လှသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now