Chapter 18

1.3K 258 4
                                    


ဖန်းကျန်းယွမ် မိသားစုအိမ်လေးတွင် သေးငယ်သော အိမ်ခေါင်မိုးထပ် ပါရှိပြီး ထို ခေါင်မိုးထပ်နံရံ တစ်လျှောက်တွင် ပန်းခင်းများရှိနေလေသည်။ သူ့အမေ အားလပ်ချိန်များတွင် ထိုသစ်ပင်နှင့် ပန်းပင်များကို စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။

ဖန်းကျန်းယွမ် နွေရာသီ အားလပ်ရက် ရချိန်တွင် ထိုသစ်ပင်များကို ကြည့်ရူ စောင့်ရှောက်ရခြင်း တာဝန်သည် သူ့ပေါ်သို့ ကျရောက်တော့သည်။

ဖန်းကျန်းယွမ် အိမ်ထဲမှ ရေပိုက်ရှည်ကို ဆွဲထုတ်လာပြီး ပန်းခင်းထိပ်တွင် ရပ်ကာ သူ့အမေ အချစ်တော် ပန်းပင်များကို ရေလောင်းနေလိုက်သည်။

မနက်ခင်းနေသည် အရမ်းသာယာသည်။ ရာသီဥတုကလည်း အရမ်းပူမနေ။

ဖန်းကျန်းယွမ် ဘောင်းဘီတိုနှင့် လက်ပြတ် ဝတ်ထားပြီး သူ အင်္ဂတေ ကြမ်းပြင်ပေါ် လမ်းလျှောက်လိုက်သည်နှင့်သူ့ ညှပ်ဖိနပ်မှ အသံများ ထွက်လာတော့သည်။ သူ ပန်းခင်းတစ်လျှောက် ရေပိုက်ကို ကိုင်ကာ လမ်းလျှောက်နေရင်းမလဲကျအောင် သတိထားရင်းဖြင့် အမှတ်မထင် သီချင်း ညီးနေလိုက်သည်။

ထိုအချိန် ခေါင်းမိုးထပ်၌ နောက်ထပ် လူတစ်ယောက် ခြေသံကို ကြားလိုက်သောကြောင့် အမြန် လှည့်ကာ ကြည့်လိုက်မိသည်။

ထိုသူမှာ အဝတ်လျှော်စက်ထဲမှ အဝတ်များကို ရေချိုးဇလုံဖြင့် ထည့်ကာ နေပူလှမ်းရန်အတွက် ခေါင်မိုးထပ်သို့တက်လာသော ယွီဟိုင်ယန်ပင်။

ယွီဟိုင်ယန် ဖန်းကျင်းယွမ်ကို တွေ့သည်နှင့် ပြုံးလိုက်လေသည်။

ဖန်းကျန်းယွမ် ယွီဟိုင်ယန် ဘာလို့ အလုပ်မသွားလဲလို့ မေးရင် ပါးစပ်ဟပြီးမှ ဒီနေ့သည် စနေနေ့ဖြစ်ကြောင်းသတိရကာ ပါးစပ်ပြန်ပိတ်လိုက်တော့သည်။ သူ နွေရာသီ ပိတ်ရက် နေ့တိုင်း အိမ်မှာ နေနေသောကြောင့် ဒီနေ့ ဘယ်နေ့မှန်းပင် မပြောနိုင်တော့။

ပေါ့ပေါ့ပါးပါး ဝတ်စားလေ့မရှိသော ယွီဟိုင်ယန်သည် ဘောင်းဘီတိုနှင့် တီရှပ်အင်္ကျီ အပွကို ဝတ်ထားကာ ဖိနပ်ကိုလည်း ညှပ်ဖိနပ်သာ ဝတ်ဆင်ထားလေသည်။ သူ ခေါင်းမိုး အလယ်ဆီထိ တက်သွားကာ ဘေစင်ကို သံမံတံလင်းပေါ်ချပြီးနောက် ကြိုးတန်းထားသည့် အဝတ်တန်းဆီမှာ သူ့အင်္ကျီများကို တစ်ထည်ပြီးတစ်ထည် အဝတ်ချိတ်ဖြင့် ချိတ်ကာ လှန်းလေသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now