Chapter 35

1.3K 236 20
                                    

ရှရှင်းချန် သူ့ အောက်ခံဘောင်းဘီအား လဲဝတ်ပြီး ရေချိုးဝတ်ရုံကို ခြုံဝတ်ထားလိုက်သည်။ မိတ်ကပ်ဆရာမကသူ့ဆံပင်အား လေမှုတ်ပေးနေသည်။ နောက်တစ်ခန်း ဆက်ရိုက်ရန် ရှိသေးတာမို့ အဲ့မတိုင်ခင် သူ့ဆံပင်ကအနည်းငယ်မျှ ခြောက်သွားဖို့သာ လိုအပ်သည်။

ယန်ယိုမင်လည်း သူ့ ရေစို အင်္ကျီများကို ရေချိုးဝတ်ရုံနှင့် လဲဝတ်ထားလိုက်ပြီး သူ့ ဆံပင်နှင့် မိတ်ကပ်ကိုလည်း ပြင်ပေးထားကြသည်။ နောက် သူတို့ ဆက်လုပ်ရမည်မှာ တကယ့် အိပ်ယာပေါ်မှ အခန်း ဖြစ်သည်။

ရိုက်ကူးရေး မစတင်ခင် ဟောကျန်း အိပ်ယာဘေးတွင် ချထားသည့် ထိုင်ခုံပုလေးတွင် ထိုင်ပြီး ယန်ယိုမင်နှင့် ရှရှင်းချန်အား ပြောလိုက်သည်။

"ဘယ်လို ရိုက်ကူးနေလဲ ဆိုတာကိုပဲ ဂရုစိုက်။"

ခေါင်းရင်းထိပ်တွင် ထိုင်ရင်း ရှရှင်းချန် ဟောကျန်းအား စူးစူးစိုက်စိုက်ကြည့်ကာ နားထောင်နေသည်။ သို့ပေမယ့် ဒီတစ်ကြိမ်တွင်တော့ သူ ယန်ယိုမင်အား ခေါင်းလှည့် ကြည့်လိုက်မိသည်။

ယန်ယိုမင် ရှရှင်းချန်နှင့် နည်းနည်း အလှမ်းဝေးသော နေရာ ၊ ကုတင်ခြေရင်းတွင် ထိုင်နေသည်။ သူ့ လက်များကရင်ဘတ်နားတွင် ပိုက်ထားသည်။ သူခြေထောက်များကလည်း ရေချိုးဝတ်ရုံအောက်မှ ထွက်ကာ ခြေချိတ်ထိုင်နေသည်။ သူ ဟောကျန်း စကားများကို ပြန်ပြောလိုက်သည်။

"ရိုက်ကူးနေတဲ့ ပုံစံကို ဂရုစိုက်?"

ဟောကျန်း ဆေးလိပ် မီးညှိကာ အချိန်အတော်ကြာ ရှုရှိုက်သွင်းပြီးမှ ကျေနပ်စွာ ဆေးလိပ်ငွေ့များ မှုတ်ထုတ်လိုက်သည်။

"မင်း ဇာတ်လမ်းတွေ အများကြီးမှာ သရုပ်ဆောင်ဖူးတာပဲ။ အိပ်ယာပေါ်မှ အခန်းကို ဘယ်လို ကြည့်လှအောင် ရိုက်ရမလဲ? မင်းကတောင် ငါ့ ပြန်သင်ပေးရလိမ့်မယ်။"

ဆေးလိပ်ငွေ့က ရှရှင်းချန်မျက်နှာ ရှိရာဘက်သို့ မှုတ်ထုတ်လိုက်သည်။ ရှရှင်းချန်းလည်း အနည်းငယ်မျှ ခေါင်းငုံကာ မထိအောင် ရှောင်လိုက်သည်။

ယန်ယိုမင် မေးလိုက်သည်။ "မင်းက ကြည့်လှတဲ့ ပုံစံပဲ ရိုက်ချင်တာလား။"

The Star around the Sun 明日星程 [Unicode]Wo Geschichten leben. Entdecke jetzt