Chapter 9

1.6K 268 3
                                    



ရှရှင်းချန် bathtub(ရေစိမ်ကန်)ထဲမှာ ရေဝင်စိမ်ရင်း ခေါင်းကို ရေထဲမြှုပ်ထားသည်။ ခဏအကြာမှာ အဆုတ်ထဲ အောက်ဆီဂျင်လျှော့လာပြီး ဆက်ပြီးအသက်မအောင့်ထားနိုင်တော့၊ ရင်ထဲမှ မွန်းကျပ်မှုတို့ကလည်း လူကို ဆက်တိုက်ကို နာကျင်ပင်ပန်းနေရစေ၏။ သူ ခေါင်းကို ရေထဲကနေ အမြန် ပြန်ဖော်လိုက်ပြီး ပင့်သက်အဝရှိုက်လိုက်သည်။

ဆံပင်တို့မှာ ရေဆက်လက်ကျနေသည်။ သူ မျက်နှာပေါ်ကရေကို လက်ဖြင့်သုတ်ဖယ်လိုက်သည်။ အနောက်ကိုမှီကာ bathtubဘောင်ပေါ် ခေါင်းတင်ထားပြီး မျက်လုံးမှိတ်ထားလိုက်သည်။

ရှရှင်းချန် ရေချိုးခန်းထဲက ပြန်ထွက်လာတော့ ဆိုဖာပေါ်မှာ ထိုင်ပြီး ဆေးလိပ်သောက်နေသည့် ဟွမ်းကျီစင်းကိုတွေ့လိုက်သည်။

"အစ်ကို မပြန်သေးဘူးလား?"

သူ ခေါင်းပေါ်က တဘက်ပဝါကို ဆွဲချကာ လက်ထဲဘဲ ပြန်ကိုင်ထားပြီး ရေချိုးတဘက်ထည်ဝတ်ထားလျက်နှင့်ပဲ အိပ်ရာပေါ်တက် ထိုင်လိုက်သည်။

"မင်း စိတ်ပေါ့ပေါ့ပါးပါးရှိပြီလား? ငါ ဒီမှာ မင်းနဲ့ နှစ်ရက်လောက် ထပ်နေပေးမလားလို့"

ရှရှင်းချန် ဘာစကားတစ်ခွန်းမှ ပြန်မပြော၊ အိပ်ရာပေါ် လှဲချလိုက်ပြီး သူ့ နှုတ်ခမ်းဖျားတို့ဆီကနေ သက်ပြင်းချသံတစ်ချက် ထွက်သွားသည်။ ဖြူဖြူသွယ်သွယ် ခြေတံရှည်ရှည်တို့က တဘက်ထည်၏ အဟကြားကနေ လှစ်ဟထွက်လို့နေသည်။

ဟွမ်းကျီစင်းက ထိုင်ရာမှထကာ ပါးစပ်မှာ စီးကရက် ခဲထားရင်းနှင့် အိပ်ရာဘေးမှာ မတ်တပ်လာရပ်ပြီး သူ့ကို ငုံ့ကြည့်ပြီး

"ဘာဖြစ်လို့လဲ? စိတ်ပင်ပန်းနေတာလား? မျက်နှာက မကြည်မလင်နဲ့"

အမြဲ ဟွမ်းကျီစင်းရှေ့ရောက်ရင် အမှန်အတိုင်းပြောပြခဲတဲ့ ရှရှင်းချန် သူ့အမေးကို ပြန်ဖြေလိုက်သည်

"ကျွန်တော် pressureအရမ်းပိနေတယ်"

*စိတ်ဖိစီးနေတယ်*

"ဟေ့ကောင်ရေ ဒါ ရိုက်ကူးရေးရဲ့ ပထမဆုံးနေ့လေ၊ အိုကေ?" ရှရှင်းချန် အခုလိုဖြစ်နေရတာကို

The Star around the Sun 明日星程 [Unicode]Where stories live. Discover now