Chapter 29

1.3K 247 5
                                    


ပထမတစ်ကြိမ် အစမ်းရိုက်ပြီးချိန်တွင် ပြန်ရိုက်ဖို့ လိုမလိုကို ဟောကျန်းက ပြောမလာ။

ရှရှင်းချန် ခေါင်း ငုံ့ကာ သူ့ပုခုံးတွင် ပုဝါတစ်ခု လွှမ်းခြုံထားရင်း ထောင့်တစ်နေရာတွင် ကွေးကွေးလေးထိုင်နေသည်။ တကယ်မှာ အခန်းတွင်း အပူချိန်သည် မြင့်မားနေပြီးသားဖြစ်ပြီး သူကိုယ်တိုင်လည်း ချွေးများ စိုရွှဲနေသည်မို့ ပုဝါခြုံထားရန် မလို။ သို့သော် သူ့ပတ်ဝန်းကျင်မှ ဟာတာတာ ခံစားမှုကို ဖြေဖျောက်ရန်အတွက် တစ်ခုခုဖြင့် သူ့ကိုယ်သူ ထွေးပွေ့ထားဖို့ ရှရှင်းချန် လိုအပ်နေသည်။

သူ ယန်ယိုမင်အား ခိုးကြည့်လိုက်ချိန် ထိုသူသည် စကားတစ်ခွန်းမှ ပြောနေခြင်း မရှိပဲ တည်ငြိမ်စွာ ထိုင်နေသည်ကိုမြင်လိုက်ရသည်။ တည်ငြိမ်အေးချမ်းသည့် သူ့မျက်နှာတွင် ထူးကဲနေသည့် ခံစားချက် နည်းနည်းလေးတောင် မမြင်ရ။

ခန္ဓာကိုယ် တုန့်ပြန်မှုများကို ဒီအတိုင်း ထားပြီး ငြိမ်နေလိုက်ပါက ထိုအရာက တဖြည်းဖြည်း ငြိမ်ကျသွားပြီး ရင်ထဲဟာတာတာ ခံစားချက်သာ ကျန်ခဲ့စေသည်။ သို့သော် သူ ဘယ်လောက်ပဲ ထိုင်စောင့်စောင့် သူ့အရင်အခြေအနေကိုပြန်မသွားနိုင်မှာကို သူကြောက်နေမိသည်။

ဟောကျန်း အလင်းရောင် အခြေအနေနှင့် ထပ်ရိုက်ဖို့ လိုသည့် ရိုက်ကွက်များအတွက် ကင်မရာ အနေအထားကိုချိန်နေသည်။

ထွက်သွားသည့် ဝန်ထမ်းများ ရိုက်ကွင်းနေရာသို့ ပြန်ရောက်လာပြီး မိတ်ကပ်ဆရာများက ရှရှင်းချန်နှင့် ယန်ယိုမင်အား မိတ်ကပ် အနည်းငယ် ပြန်ဖို့ပေးလိုက်သည်။ ဇာတ်ဝင်အသုံးအဆောင်များကို တာဝန်ယူရသည့် ဝန်ထမ်းများက သစ်သားချပ်ကို မလာကာ ချန်ထားသည့် နေရာကို ပိတ်လိုက်ပြီး ကင်မရာကို အပေါ်သို့ မြှောက်တင်လိုက်ကာအခန်းအတွင်းသို့ ငုံ့ရိုက်သည့် အနေအထားသို့ ပြောင်းလိုက်သည်။

ရှရှင်းချန်နှင့် ယန်ယိုမင် အလုံပိတ်အခန်းအတွင်း နှစ်ယောက်ထဲ ပိတ်ခံထားရချိန်တွင် တကယ်ဖြစ်နေသလို ခံစားချက်သည် ခုနကအချိန်ထက်ပင် ပိုပြင်းထန်လာတော့သည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now