Chapter 99

839 73 6
                                    


ထိုနေ့က လောင်းကစားရုံထဲ ရိုက်ကူးရေးအပြီးသတ်နိုင်ချိန် အတော်လေးနောက်ကျနေခဲ့ပြီ။ သူတို့ရဲ့မူလအစီအစဉ်အရဆိုလျှင် တင်းဝမ်ရွှမ်က ရှရှင်းချန်ကို ဂါဝန်ရှည်ဝတ်ထားသည့်အနေအထားဖြင့် လူရှုပ်ယှက်ခတ်နေသည့်လမ်းမပေါ် အတင်းအကျပ်လမ်းလျှောက်ခိုင်း၍ ဘေးမှဝိုင်းကြည့်ကြသည့်ပုံစံကို ရိုက်ကူးချင်ခဲ့တာဖြစ်ပေမယ့် ဘေးပတ်ပတ်လည်မှဆိုင်တွေလည်း ပိတ်သွားပြီး လမ်းမထက်တွင်လည်း လမ်းသွားလမ်းလာများ မရှိတော့တာမို့ ရိုက်ကူးရေးကို မနက်ဖြန်သို့ပြောင်းရွေ့လိုက်ရတော့သည်။

ရှရှင်းချန် အင်္ကျီလဲလို့ နှုတ်ခမ်းနီဖယ်ရှားပြီး ပြန်ထွက်လာချိန် တင်းဝမ်ရွှမ်းက ယန်ယိုမင်နှင့်အတူ ညလယ်စာ,စားရန် သူ့ပါခေါ်လိုက်လေသည်။

ဒီတစ်ခေါက်တော့ သူတို့သုံးယောက်တည်းသာဖြစ်၏။ တင်းဝမ်ရွှမ်က ယန်ယိုမင်နှင့်တွေ့ရခဲတာမို့ သီးသန့်စကားစမြည်ပြောချင်နေခဲ့ပြီး ရှရှင်းချန်တစ်ယောက်တည်းကို ဖိတ်ခဲ့ခြင်းက ယန်ယိုမင်နှင့်သူ အချင်းချင်းရင်းနှီးမှန်း သိထားတာမို့ပင်။

သူတို့ ညနက်အထိဖွင့်သေးသည့် နီးစပ်ရာစားသောက်ဆိုင်တစ်ဆိုင်ကို ရှာလိုက်ကြပြီး သီးသန့်အခန်းပြင်ပေးရန်တောင်းဆိုပြီးနောက် အရက်နှင့်ဟင်းပွဲများစွာကို မှာယူလိုက်တော့သည်။

'မတော်တဆလူသတ်မှု' သည် တင်းဝမ်ရွှမ်၏ပွဲဦးထွက်ဇာတ်လမ်းဖြစ်တာမို့ ကြိုးစားအားထုတ်မှုများစွာ ထည့်ပေါင်းထားသလို မျှော်လင့်ထားချက်ကလည်း အရမ်းမြင့်မားလွန်းလှသည်။ သူ စိတ်ပိုင်းဆိုင်ရာဖိအားများစွာကို တောင့်ခံနေရခြင်းမှာ ကြာလှပြီဖြစ်တာမို့ သူ့သူငယ်ချင်းဟောင်းကြီးကိုတွေ့သည်နှင့် အရက်လေးသောက်ရင်း စကားများစွာပြောထွက်လာတော့မည်မှာ ရှောင်လွှဲလို့မရသည့်ကိစ္စတစ်ခုပင်။

ရှရှင်းချန် သူနှင့်ယန်ယိုမင်ပြောနေခြင်းများကို နားထောင်ရင်း ဘေးတွင် တိတ်တဆိတ်ထိုင်လျက် စားပွဲပေါ်ရှိနေသည့်ပဲစိမ်းပြုတ်များကို တစ်ခုပြီးတစ်ခုခွာနေလိုက်သည်။ တစ်နေ့တာရိုက်ကူးရေးပြီးသွားချိန် သူလည်း ပင်ပန်းပြီး ဆာလောင်နေသည်သာ။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now