Chapter 16

1.5K 260 18
                                    


နေ့လည် ရိုက်ကွင်း မစခင်အချိန်အတွင်း ဟောကျန်းက ရှရှင်းချန်အား ရိုက်မည့် Scene တစ်ခုလုံးကို ကိုယ်တိုင် ရှင်းပြနေတော့သည်။

သူ ပြောလိုက်သည် "မင်း သတိထားမိမလားတော့ မသိဘူး ။ ဒါပေမယ့် ဒီအခန်းက အရမ်း အရေးကြီးတယ်။"

ရှရှင်းချန် ဘာမှမပြန်ပြောပဲ ချွေးထွက်နေသည့် လက်များကိုသာ သူ့ဘောင်းဘီနှင့် သုတ်နေလိုက်သည်။

ဟောကျန်း သူ့ကို မေးသည် "ဖန်းကျန်းယွမ်အနေနဲ့ ယွီဟိုင်ယန်ကို သိတာ ဘယ်လောက်ကြာပြီလဲ?"

ရှရှင်းချန် မော့ကြည့်ကာ ဖြေလိုက်သည် "ရက် အတော်ကြာပြီ"

ဟောကျန်း ဆက်ပြောသည်။ "မင်း ဒီScene ပြီး သူရဲ့ အမူအကျင့်တွေ အရင်ကလို မဟုတ်ပဲ ပြောင်းသွားတယ်ဆိုတာ သတိထားမိလား?"

ရှရှင်းချန် လက်ထဲမှ ဇာတ်ညွှန်းလေးသည် ကြေမွနေပြီး ဖြစ်သည်။ အရင်တုန်းက Scene များနှင့် နောင်လာမည့်Sceneများအကြောင်း တွေးလိုက်ရင်း သူ ပြန်ဖြေလိုက်သည်။

"သူ ယွီဟိုင်ယန်ကို ပိုပြီးဂရုစိုက်လာမိတယ် အဲ့တာကြောင့်လည်း ရှောင်ဖယ်နေဖို့ လုပ်လာတယ်"

ဟောကျန်း သူ့လက်များကို ပွတ်လိုက်သည်။ သူ့လက်ထိပ်များသည် ဆေးလိပ်များ ကိုင်လေ့ရှိသောကြောင့်အနည်းငယ်ပင် ဝါနေသည်။ သူ ကုန်စုံဆိုင်၏ ကောင်တာကို ပျင်းရိစွာမှီရင်းနှင့် ကောင်တာအနောက်တွင် ထိုင်နေသည့် ရှရှင်းချန်ကို လှမ်းကြည့်လိုက်သည်။

"သူက ယွီဟိုင်ယန်ကြောင့် ရင်ခုန်သံတွေမြန်သွားပြီ။ သတိထားရမှာ ဒါ စိတ်ဝင်စားရုံ အဆင့်ပဲ ရှိသေးတယ်။ သူ မချစ်မိသေးဘူး။"

ရှရှင်းချန် အလေးအနက်ထားကာ နားထောင်ပြီး ဟောကျန်းကို မော့ကြည့်လိုက်သည်။

ဟောကျန်း ဆက်ပြောသည်။ "ငါတို့ ဒါကို ခဏထားပြီး နောက်မှ ရိုက်လည်း ရတယ်ဆိုပေမယ့် သူ့နှလုံးသားထဲကပြောင်းလဲမှုကို မဖော်ပြနိုင်ရင် ဘာမှလုပ်မရတော့ဘူး။ ငါတို့ အနောက်က အပိုင်းတွေသာ အရင်ရိုက်လိုက်ရင် မင်းသူ အခု ခံစားနေရတာတွေကို ပြန်ဖော်ပြနိုင်မယ်လို့လည်း ငါ မထင်ဘူး။"

The Star around the Sun 明日星程 [Unicode]Where stories live. Discover now