Chapter 91

1K 111 3
                                    


ရှရှင်းချန် ကျူတျန်းကျဲကို နောက်ဆုံးတွေ့ခဲ့တာ ချန်ဟိုင်းလန်ရဲ့လက်ထပ်ပွဲနေ့တုန်းကဖြစ်သည်။ ထိုအချိန်ကကျူတျန်းကျဲမှာ ချန်ဟိုင်းလန်၏သတို့သားအရံများထဲမှ တစ်ယောက်ပင်။

ကျူတျန်းကျဲရဲ့ဂုဏ်သတင်းက တကယ်တမ်းတော့ အနည်းငယ်မျှကို့ရိုးကားယားနိုင်လှသည်။ သူက TV နှင့် ဒရမ်မာ ဇာတ်လမ်းရှည်များ အသိုင်းအဝိုင်းတွင် နာမည်ကြီးဖြစ်ပြီး လူကြည့်များကာ လူပြောလည်း များကြသည့် ဒရမ်မာဇာတ်လမ်းတွဲအချို့မှာတောင် ပါဝင်သရုပ်ဆောင်ဖူးသည်။ သို့ပေမယ့် ရုပ်ရှင်လောကထဲမှာတော့ သူက သိပ်လူပြောမများလှ။

ဒီတစ်ခေါက်တော့ သူက ရုပ်ရှင်လောကထဲ အထူးတလှယ်ပေါ်လာပြီး ကောင်းဟိုင် ဇာတ်ကောင်နေရာမှ ပါဝင်သရုပ်ဆောင်ဖို့လုပ်နေသည်။ ကံကောင်းလှစွာ ကောင်းဟိုင်၏အခန်းများက သိပ်မနက်နဲလှပေမယ့် ဒီရုပ်ရှင်ရဲ့နောက်ခံကျောရိုးဇာတ်အိမ်ရအောင် လုပ်ပေးခဲ့သည့်အရေးကြီးဇာတ်ကောင်တစ်ယောက်ဖြစ်နေခြင်းပင်။

ကျူတျန်းကျဲက ဒီနှစ်ဆို အသက် ၃၂ ရှိပြီဖြစ်ကာ သူ့ရုပ်ရည်ချောမောမှုကလည်း လုံးဝကို ရိုးသားဖြောင့်မတ်သည့်အသွင်ဆောင်နေတာမျိုးဖြစ်၏။ အကယ်၍ တစ်ယောက်ယောက်ကသာ သူ့ကို ညွှန်းဆိုရမည်ဆိုပါက သူက ချန်းကျားလျှို့လို ဇာတ်ကောင်မျိုးနှင့် ကွက်တိကျနေလောက်မည့် ပုံစံအသွင်အပြင်ရှိသည်။

[T/N : ချန်းကျားလျှို့က နာမည်ကြီး တရုတ်သိုင်းဝတ္ထုထဲက ဇာတ်လိုက်နာမည်ပါ။ ရုပ်လည်း ချော၊ နူးညံ့၊ သိမ့်မွေ့၊ယဉ်ကျေး၊ ဓားအရေးကလည်း တော်။ အတိုချုပ်ပြောရရင် ကောင်းကွက်တွေချည်း ရှိနေတာမျိုးပေါ့။]

ဒီရုပ်ရှင်ထဲမှာတော့ သူက ချန်းချန်း၏ ပီယာနို အသင်ဆရာ ကောင်းဟိုင်အဖြစ် သရုပ်ဆောင်ထားသည်။ သူက အမြဲလိုလို ပွယောင်းယောင်း အမွှေးနုဆွယ်တာကို ဝတ်လျက် မျက်မှန် တပ်ဆင်ထားလေ့ရှိပြီး နူးညံ့သိမ်မွေ့ပုံပေါ်လှသည်။

ကျူတျန်းကျဲကိုယ်တိုင်က သိမ်မွေ့နူးညံ့ပြီး အပြုအမူ ရည်မွန်သူတစ်ယောက်ဖြစ်ပုံပေါ်သည်။ သူက ဝင့်ကြွားမောက်မာနေခြင်း မရှိသလို ပေါင်းသင်းရလွယ်ကူသူတစ်ယောက်လည်းဖြစ်သည်။ ရိုက်ကူးရေးအသင်းကိုရောက်လာတဲ့ ပထမဆုံးနေ့ကတည်းက အသင်းရှိ အဖွဲ့သားတိုင်းကို သောက်စရာများ ဝယ်တိုက်လေသည်။ရိုက်ကူးရေးအသင်းရှိ မိန်းကလေးတိုင်းကလည်း သူ့ကို အတော်လေး သဘောကျကြပြီး ယွမ်ကျင့်ဆို သူနှင့်စကားပြောရင်း မရပ်တမ်းရယ်နေတာကိုတောင် ရှရှင်းချန် မြင်ဖူးသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now