Chapter 83

1K 149 20
                                    


ရှရှင်းချန် ရှယဲ့ကို မြန်မြန် လုပ်ခိုင်းပေမယ့် သူက ဆေးလိပ်တစ်လိပ် ကုန်အောင် သောက်ပြီးမှ တံခါးဆွဲဖွင့်ကာကားထဲ ဝင်လာပြီး VIP ကားရပ်နားနေရာသို့ မောင်းသွားလိုက်သည်။

သူ ကားမောင်းနေရင်းနှင့်လည်း ပွစိပွစိပြောနေဆဲပင်။

ရှရှင်းချန် သူ့အား မေးလိုက်သည်။ "မားနဲ့ပါးကော အဆင်ပြေရဲ့လား။"

ရှယဲ့ ပြောလိုက်သည်။ "အကုန်လုံး အဆင်ပြေတယ်။"

ရှရှင်းချန် ထပ်မေးလိုက်သည်။ "မရီးကော။ ခွင့်ယူထားပြီလား။"

ရှယဲ့ ပြောလိုက်သည်။ "အားလပ်ရက်အတွက်ဆိုပြီး ဘယ်တုန်းကများ ခွင့်ယူဖူးလဲ! နှစ်ကုန် နောက်ဆုံးရက်မှ သူနားလိမ့်မယ်။ အလုပ်က နား၊ အိမ်မှာပဲ ကလေးတွေနဲ့ မိဘကိုပဲ ဂရုစိုက်ပေး ဆိုတာကို နားမထောင်ဘူး။"

ရှရှင်းချန် ရယ်လိုက်သည်။ "ဒါ ကျွန်တော့်ရှေ့မို့ အစ်ကို အဲ့လိုပြောတာပါဗျာ။ မရီးသာ ကြားကြည့်။ သူ အစ်ကို့ကိုလာရိုက်လေ့မယ်။"

"သူက ရိုက်မှာလား၊ ငါက ရိုက်မှာလား။" ရှယဲ့ မကျေမနပ်နှင့် နှာမှုတ်လိုက်သည်။

VIP ကားရပ်နားနေရာက မကျယ်ဝန်းလှ။ ရှရှင်းချန် အဝင်ဂိတ်မှာပဲ ရှိသေးသည်၊ အဝေးရှိ ထွက်ပေါက်အစွန်းထိပ်တွင် ရပ်နေသည့်သူအား လှမ်းမြင်လိုက်ရသည်။

သူ အလျင်အမြန်ပြောလိုက်သည်။ "သူ အပြင်ရောက်နေပြီ! မြန်မြန်!"

ရှယဲ့ သူ့အား ပိတ်အော်လိုက်သည်။ "အဲ့တော့ ဘာဖြစ်လဲ။ ခဏလေးတောင် မစောင့်နိုင်ဘူးလား။"

ရှရှင်းချန်လည်း ပြန်အော်လိုက်သည်။ "သူ အေးနေတယ်လေ! အအေးမိသွားရင် ဘယ်လိုလုပ်မလဲ။"

ရှယဲ့ ထိုနေရာသို့ လှမ်းကြည့်လိုက်သည်။ ထိုသူက ယောက်ျားတစ်ယောက်ဖြစ်မှန်း အသေအချာလှမ်းမြင်နိုင်နေပြီးသူက ဒူးအထိ ရှည်လျားသည့်ကုတ်အင်္ကျီကို ဝတ်လျက် ရှိနေကာ ဂိတ်ပေါက်အပြင်ဘက်တွင် အေးအေးဆေးဆေးမတ်တပ်ရပ်နေသည်။

သူတို့ အနားကပ်သွားချိန် ထိုသူက မျက်နှာတစ်ခုလုံး ဖုံးလောက်တဲ့ နေကာမျက်မှန်ကို ဝတ်ဆင်လျက် မေးရိုးချွန်ချွန်လေးကိုသာ ဖော်ထားကြောင်း ရှယဲ့တွေ့လိုက်ရသည်။ သူတို့ ကား သူ့အနားရောက်လာသည်နှင့် ထိုသူကနေကာမျက်မှန်အား ဆွဲချွတ်လိုက်သည်။ နေကာမျက်မှန်အောက်တွင်တော့ လှပလွန်းတဲ့ မျက်ဝန်းတစ်စုံနှင့်ယောက်ျားဆန်ဆန် အသွင်အပြင်များက ပေါ်ထွက်လို့ လာပြီး ရှယဲ့အတွက် မြင်ဖူးသယောင် ဖြစ်လို့နေသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now