Chapter 1

6.9K 388 17
                                    


[Unicode]

ဒီနေ့လိုအနေအထားမျိုးထိဖြစ်လာခဲ့မယ်ဆိုတာကို အစကတည်းကသာ သိခဲ့ရင် ရှုရှင်းချန် ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ဖြစ်ခဲ့မှာမဟုတ်....

.

.

ရှုရှင်းချန်ဆိုတာ အသက် နှစ်ဆယ့်လေးနှစ်အရွယ် သရုပ်ဆောင်တစ်ယောက်၊ ဆယ့်ရှစ်နှစ်ထဲက ရုပ်ရှင်လောကကို စတင်ခြေချခဲ့တာ အခုဆို အနုပညာသက်တမ်း ခြောက်နှစ်ရှိသွားခဲ့ပြီ။ ဖြတ်သန်းခဲ့ပြီးတဲ့ ခြောက်နှစ်တာလုံး သူ လျှောက်လှမ်းနေတဲ့ အနုပညာလမ်းကြောင်းမှာ သူ့အား ခြေလှမ်းယိမ်းယိုင်စေမည့် လေနုကြမ်းလေး တစ်ချက်တောင် ဝေ့တိုက်ခဲ့ခြင်းမရှိ၊ အောင်မြင်မှုက အတိုင်းအတာတစ်ခုထိ အဆင်ပြေပြေလေးရှိနေသည်။ ရိုက်စရာမရှိလို့ ငုတ်တုတ်ထိုင်နေရတယ်ဆိုတာမျိုးတွေမရှိ။

ဟုန်းဟုန်းတောက် နာမည်ကျော်သွားတာမျိုးတော့မဟုတ်ပေမည့် သူ ရိုက်ကူးခဲ့သည့် TVဇာတ်လမ်းတွဲနှစ်ခုမှာ ဆက်တိုက် လူကြိုက်များ နာမည်ကြီးသွားတာကနေတဆင့် ပရိတ်သတ်အမြောက်အများ ရရှိခဲ့သည်။

နောက်ပိုင်း လာကမ်းလှမ်းသည့် ဇာတ်ကောင်တိုင်းက idol dramaတွေအတွက် အမျိုးသားဇာတ်ကောင်နေရာတွေကြည့်ပြီး သူ ဒီidol dramaဘက်ကိုဘဲ ဆက်သွားရမလားလို့စဥ်းစားနေစဥ် သူ့ အေးဂျန့် ဟွမ်းကျီစင်းဆီကနေ ဖုန်းဝင်လာပြီး ဒါရိုက်တာ ဟောကျန်းရိုက်ကူးမည့် ရုပ်ရှင်မှာ ပါဝင်ဖို့ စိတ်ဝင်စားလားဟု မေးလာသည်။

ဖုန်းဝင်လာတဲ့အချိန်မှာ ရှရှင်းချန်တစ်ယောက် သူ့ရည်းစား ရှောင်းယွီရဲ့ ကုတင်ပေါ်မှာ လှဲနေတာဖြစ်သည်။ သူ အမြန်ကုန်းရုန်းထထိုင်လိုက်တော့ တစ်ကိုယ်လုံး အလုံခြုံထားသည့် ဂွမ်းစောင်က ခါးနားထိ လျှောကျပြီး ဖြူဖွေးဝင်းမွတ်နေသည့် ဝမ်းဗိုက်က လှစ်ဟပေါ်ထွက်လာသည်။ သူ့အသံကို တည်တည်ငြိမ်ငြိမ်လေသံဖြစ်အောင် ထိန်းကာပြောလိုက်ပေမဲ့ အလွန်အံ့အားသင့်နေသည့်အသံပေါက်နေဆဲ

"ဘာရယ်?"

ရှောင်းယွီက သူ့ဘက်လှည့်လာပြီး မေးသည် "ဘာတဲ့လဲ?"

The Star around the Sun 明日星程 [Unicode]Donde viven las historias. Descúbrelo ahora