Chapter 19

1.3K 273 15
                                    


ရှရှင်းချန် ဖျားသွားသည်။ လူတိုင်း သူဖျားရသည့် အကြောင်းအရင်းကို ရိုက်ကွင်းအတွင်း ရေရွှဲစိုသွားခြင်းကြောင့်ဟု ထင်နေကြသော်လည်း သူကိုယ်တိုင်ကတော့ စိတ်ဖိအားများ ပိပြီး အဖျား အသေးလေး မိသွားသည်ဟု ခံစားနေရသည်။ နွေရာသီ ဖြစ်နေပေမယ့် သူ မခံစားနိုင်။ အစပိုင်းတွင် သူ နှာပိတ်သလို ခံစားရပြီး နှာ ခဏခဏ ချေနေခဲ့သည်။ တစ်ညတည်းမှာပဲ သူ့ခန္ဓာကိုယ် အားနည်းသည်ထက် အားနည်းလာပြီး ကြွက်သား နာကျင်မှုများ ဖြစ်လာပြီး နောက်ဆုံးတွင် ကိုယ်ပူလာခဲ့သည်။

နောက်နေ့ ရိုက်ကူးရေးသည် ရပ်ဆိုင်းထားလိုက်ရပြီး ရှရှင်းချန်သည် သူ့လက်ထောက်နှင့်အတူ ဆေးရုံသို့ သွားလိုက်ရသည်။

သူ သူ့ကြောင့် ရိုက်ကူးရေး အစီအစဉ်များ နှောင့်နှေးသွားရခြင်းကို အလွန်အမင်း အားနာမိနေပြီး သူ အမြန်သက်သာရန် ရည်ရွယ်ချက်ဖြင့် ဆရာဝန်အား သူ့ကို ဆေးချိတ်ပေးဖို့ တောင်းဆိုလိုက်သည်။

ရှရှင်းချန် ဆေးရုံ၏ သီးသန့် လူနာဆောင်တွင် ဆေးရုံတက်နေပြီး သူ စားချင်စိတ်ကော အင်အားပါ မရှိပဲ အိပ်ချင်စိတ်ဖြင့်သာ လှဲနေလိုက်သည်။

ယနေ့အချိန်အထိ သူ့ကိုယ်သူ ကျန်းမာရေး ကောင်းသည်ဟု အမြဲ ခံစားခဲ့သည်။ သူ နေမကောင်း ဖြစ်ခဲ့ရင်တောင်ဆေးပြားနှစ်ပြားသောက်ကာ အိပ်ပြီး နိုးလာချိန်တွင် တန်းသက်သာသွားမြဲပင် ဖြစ်သည်။ ယခုကဲ့သို့ ပြင်းထန်သော အအေးမိသည့် လက္ခဏာများ သူ မခံစားရသည်မှာ ကြာလှပြီပင်။

နေ့လည်ပိုင်းတွင် ဟောကျန်းနှင့် လက်ထောက် ဒါရိုက်တာ နှစ်ယောက် သူ့ဆီ လာလည်သည်။

ဟောကျန်း သူ့ကို စိတ်ချလက်ချ နားဖို့နှင့် ရိုက်ကူးရေး ကိစ္စများကို မစဉ်းစားဖို့ ပြောသွားသည်။

ရှရှင်းချန် နားလည်ကြောင်း ခေါင်းငြိမ့်ပြလိုက်သော်လည်း စိတ်ထဲ စိုးရိမ်နေဆဲပင်။

ဟောကျန်းနှင့် ဒါရိုက်တာများ ခဏကြာအောင် ထိုင်ပြီးနောက် ပြန်သွားတော့သည်။

ရှရှင်းချန် ပင်ပန်းလွန်းတာကြောင့် သူ့အခန်းထဲတွင် အသံများ ခဏခဏ လုပ်ကာ ဆူညံနေသည့် လက်ထောက်ကိုကျောပေးပြီးနေလိုက်သည်။ သူ သည်းမခံနိုင်တော့သည့် အချိန်တွင်တော့ ထိုလက်ထောက်ဖြစ်သူကို မောင်းထုတ်လိုက်ပြီး သူ့ကိုယ်သူ စောင်ပတ်ခြုံလိုက်ပြီး မျက်လုံးမှိတ်လိုက်သည်နှင့် သူ အိပ်ပျော်သွားသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now