Chapter 94

1K 125 12
                                    


ဒီနေ့ အရေးကြီးတဲ့ဇာတ်ကွက်တစ်ခုရိုက်ရန်ရှိပြီး ထိုဇာတ်ကွက်က ဇာတ်လမ်းတစ်ခုလုံးတွင် ဇာတ်ရှိန်အမြင့်ဆုံးနေရာဖြစ်သည်။

အစပိုင်းတွင် တစ်မိသားစုက ခရီးသွားဖို့အစီအစဉ်ရှိထားတာဖြစ်ပြီး အိမ်၌ နားပင်းလုနီးပါးဖြစ်နေသည့်အိမ်တော်ထိန်းကလွဲ၍ ဘယ်သူမှ ရှိမနေသင့်။ သို့ပေမယ့် ချန်းချန်ကျင်းနှင့် သူ့ကောင်မလေးက အိမ်ထဲ ပိုက်ဆံအလစ်သုတ်ဖို့ ပြန်ခိုးဝင်လာကာ ရလဒ်အနေနှင့် ကျားလီကျီကို သတ်ရန်အကြံအစည်နှင့် အိမ်ကို ပြန်ရောက်နေသည့် ချန်းပုချုန်ရဲ့မှားယွင်းစွာသတ်မိခြင်းကို ခံလိုက်ရတော့သည်။

ချန်းပုချုန်က ကြောက်လန့်တကြီးဖြစ်သွားတဲ့ ချန်းချန်ကျင်းကို နှစ်သိမ့်ပြီး သူ့ကောင်မလေးအလောင်းကိုဝှက်ထားစေသည်။ တစ်ချိန်တည်းမှာပဲ ကောင်းဟိုင်ကလည်း ကျားလီကျီနှင့် အိမ်သို့ ပြန်ရောက်လာခဲ့သည်။ သို့နှင့် ချန်းပုချုန်နှင့် ချန်းချန်ကျင်းလည်း သူတို့နှစ်ယောက်လုံးကို သတ်၍ ကောင်းဟိုင်ကိုတော့ ကားပေါ် တင်သယ်သွားပြီး အမျိုးသမီးနှစ်ယောက်လုံးကို သတ်၍ မှုခင်းနေရာမှ ထွက်ပြေးသွားသူအဖြစ် သရုပ်ဖော်ဖို့ဆုံးဖြတ်လိုက်ကြသည်။

သူတို့ ရိုက်ကူးရမည့်ဇာတ်ကွက်မှာ ဗီလာရဲ့ဥယျာဉ်အတွင်းတွင်ဖြစ်ပြီး ရှရှင်းချန်ရဲ့ဇာတ်ကောင် ချန်းချန်ကျင်းနှင့်ကျူတျန်းကျဲရဲ့ဇာတ်ကောင် ကောင်းဟိုင်တို့ နပန်းလုံးရမည့်အခန်းဖြစ်သည်။

ရိုက်ကူးရေးက ညတွင် စတင်ခဲ့သည်။

ထို့နေ့ နေ့လည်က ရှရှင်းချန်နှင့် ကျူတျန်းကျဲတို့ သန့်စင်ခန်းထဲ နှစ်ကိုယ်ကြား စကားပြောပြီးသည့်နောက် သူတို့နှစ်ယောက်ကို အတူတွဲလို့ မတွေ့ရတော့။

ရှရှင်းချန် စိတ်ထဲ နည်းနည်းတော့ မသက်မသာဖြစ်နေရသည်။ ကျူတျန်းကျဲနှင့် ကတောက်ကဆဖြစ်ထားတာအပြင် သူနှင့် ယွမ်ကျင့်အကြားက နားမခံသာစရာ သတင်းအမှားများ ပျံ့နေခြင်းကြောင်းလည်း ပါလှသည်။

ကျူတျန်းကျဲကတော့ အနှောင့်အယှက်ဖြစ်ပုံတောင် မရ၊ ရိုက်ကွင်းထဲပြန်ရောက်တာနှင့် အဖွဲ့သားများကို စနောက်လို့နေပြီး ရှရှင်းချန်ကိုတောင် အရင်လို သာမန်လေသံဖြင့် စကားပြောဆိုကာ လူထုကြား သဘောမနှောကောင်းလှသူပုံစံ ဖမ်းထားဆဲပင်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now