Chapter 77

970 120 4
                                    


"မတော်တဆ လူသတ်မှု" ဇာတ်လမ်းကို နွေဦးပွဲတော်အပြီးတွင် ရိုက်ဖို့ စီစဉ်ထားသည်မို့ တရုတ်နှစ်သစ်ကူး မတိုင်ခင် တစ်လအလိုအချိန်တွင် ရိုက်ကူးကြမည်ဖြစ်သည်။

ရှရှင်းချန်ကတော့ နွေဦးပွဲတော်မတိုင်ခင်အထိ အလုပ်အချိန်ဇယားများဖြင့် ပြည့်နှက်လို့နေသည်။ သူ့အား မော်ဒယ်အဖြစ် ခန့်အပ်ထားသည့် ထုတ်ကုန်ပစ္စည်းနှစ်ခုအတွက် ကြော်ငြာနှင့် ရောင်းအားမြှင့်တင့်ရေးပရိုမိုးရှင်းတို့အတွက် ဓာတ်ပုံများ ရိုက်ရဦးမည်။ နှစ်ကုန်ဆု​ပေးပွဲ၏ Video website တွင်လည်း သူ ပါဝင်ရဦးမည်။ ထို့အပြင် နှစ်အစပိုင်းလောက်က သူ ပါဝင် ရိုက်ကူးခဲ့သည့် အိုင်ဒေါဒရမ်မာ ဇာတ်ကားကြောင့်လည်း သူ ဆုရရှိထားသေးသည်။ Variety showပွဲတွင် အချိန်အတော်ကြာ ပါဝင်ဖို့အတွက် အချိန်မရပေမယ့် ဟွမ်းကျီစင်းက သူ့အား နာမည်ကြီး Varietyပွဲတစ်ခုတွင် ဝင်ပါခိုင်းလာပြီး သူ တစ်ပိုင်းသာ ပါဝင်ရိုက်ကူးရမည်ဖြစ်သည်။

ဘယ်လိုပဲဖြစ်နေပါစေ သူ ပြန်ရောက်လာသည်နှင့် ပထမဆုံး လုပ်ရသည်ကတော့ ကုမ္ပဏီကို အကြောင်းကြားပြီး ချိုင်မေ့တင်းနှင့် သွားတွေ့ဆုံရခြင်းပင်။

ကုမ္ပဏီတွင် သူတို့ကြယ်ပွင့်လေးတွေပုံများအား ချိတ်ဆွဲထားသည့် စင်္ကြံလမ်းတစ်ခုရှိပြီး လမ်းနှစ်ဖက်စလုံးတွင် သူတို့နှင့် စာချုပ် ချုပ်ဆိုထားသည့် အနုပညာရှင်တိုင်း၏ ပုံများရှိနေသည်။ စိတ်မကျေမနပ်ဖြစ်မှုများကို တားဆီးချင်၍ ဖြစ်နိုင်သည်။ ဓာတ်ပုံများ အစီအစဉ်ထားမှုမှာ ကျပန်းဖြစ်သည်။ ယိုရှုက ထိပ်ဆုံးနေရာတွင် ရှိနေပြီး ရှရှင်းချန်က အလယ်တည့်တည့်တွင် ရှိနေသည်။ နာမည်သိပ်မရှိ၊ အနုပညာရှင်အချို့လည်း အလယ်တန်းတွင် ချိတ်ဆွဲထားလျက် ရှိနေသည်။

သူ သူ၏ကိုယ်လုံးတစ်ဝက်ပေါ်သည့် ဓာတ်ပုံရှေ့တွင် ရပ်ပြီး သူ့ကိုယ်သူ ကြည့်လိုက်မိသည်။

ဒီပုံက သူ ပထမဆုံးပွဲဦးထွက်ခဲ့သည့်အချိန်က ရိုက်ခဲ့တာဖြစ်ပြီး ထိုအချိန်က သူ့အသက် ၂၀တောင် မရှိသေး။ အဲ့အချိန်က ဓာတ်ပုံရိုက်ဆရာနှင့် စတိုင်လစ် အကုန်လုံးက တရုတ်တွင် ပထမတန်းဝင်အဆင့်ရှိသူများဖြစ်ကြသည်။ ဓာတ်ပုံထဲက ရှရှင်းချန်ကတော့ စတိုင်မိုက်မိုက်နှင့် ကျောင်းယူနီဖောင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ အပေါ်ဝတ် အဖြူရောင် လက်တို ရှပ်၊ နက်ပြာရောင် ဘောင်းဘီရှည်နှင့် အားကစားဖိနပ်တို့ကို ဝတ်ဆင်ထားသည်။ သူခြေထောက်နား ကျောင်းလွယ်အိတ်ချထားပြီး ငုတ်တုတ်ထိုင်လျက် ကင်မရာအား တောက်တောက်ပပ အပြုံးများနှင့် ကြည့်နေသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now