Chapter 59

1.3K 195 7
                                    


ဟွမ်းကျီစင်း သူ့သော့ကို သုံးကာ ရှရှင်းချန်ရဲ့အိမ်တံခါးကို ဖွင့်လိုက်သည်။ သူ အထဲလျှောက်ဝင်လာချိန်မှာတော့ ဧည့်ခန်းကြမ်းပြင်ပေါ်တွင် သူ့ဘက်ကို မျက်နှာမူကာ လှဲနေသည့် ရှရှင်းချန်ကို တွေ့လိုက်ရသည်။ သူ အလန့်တကြားခုန်ကာ ရှရှင်းချန်အနားကို ကပျာကယာပြေးသွားရင်း တပြိုင်နက်တည်းမှာပဲ အော်ခေါ်မိလိုက်သည်။ ထို့နောက်မှာတော့ ရှရှင်းချန် သူ့မျက်လုံးကို ဖုံးအုပ်ထားသည့် လက်ကို ဘေးချရင်း ဟွမ်းကျီစင်းအား လှမ်းကြည့်လာသည်။

သူ စိတ်အေးသွားသလို သက်ပြင်းချရင်း ပြောလိုက်သည်။ "ဒါ ဆောင်းလယ်ပဲ ရှိသေးတယ်၊ မင်း ဘာဖြစ်နေတာလဲ။"

ရှရှင်းချန် တစ်ဖက်ကို လှိမ့်ပြီး သူ့ဘယ်ဘက်ခြမ်းကို ဖိလှဲနေရာမှ ညာဘက်ခြမ်းကို ပြောင်းရင်း ပြောလိုက်သည်။

"ကျီစင်း၊ ကျွန်တော် သေတော့မလို ခံစားနေရတယ်။"

ဟွမ်းကျီစင်း သူ့အနားသို့ လျှောက်သွားကာ ခြေထောက်ဖြင့် ကန်ရင်း ဆဲဆိုလိုက်သည်။ "လစ်စမ်းပါ။"

မနေ့က ရှရှင်းချန် ဒင်းဝမ်ရွှမ်း၏ ဇာတ်လမ်းထဲမှ အခန်းတစ်ခန်းကို အစမ်းသရုပ်ဆောင်ဖို့ သွားခဲ့သည်။ သူဇာတ်ညွှန်းကို မမြင်ရသေးပဲ ဒင်းဝမ်ရွှမ်းက ဟာသကားတစ်ကား ရိုက်ဖို့ပြင်နေသည်ဟုသာ ကြားထားရတာဖြစ်ပေမယ့် အစမ်းသရုပ်ဆောင်ခိုင်းသည့် အခန်းမှာ တက္ကသိုလ်ကျောင်းသား ကောင်လေးတစ်ယောက်က သူ့ကောင်မလေး သေသွားမှန်း ရုတ်တရက် သိသွားသည့် အခန်းဖြစ်သည်။

ထိုအချိန်မှာတော့ ရှရှင်းချန် တကယ်ကို အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။ သူ ဒင်းဝမ်ရွှမ်းကို မေးခွန်းတစ်ခုသာမေးလိုက်သည်။

"ကျွန်တော် သူ့ကို ချစ်လား။"

ဒင်းဝမ်ရွှမ်း ခဏတာမျှ တွေးပြီး ပြန်ဖြေလာသည်။ "မင်း သူ့ကို အတော်အသင့်တော့ သဘောကျပါတယ်၊ ဒါပေမယ့် အဲ့တာကို အချစ်ဆိုပြီးပြောဖို့ကျ အရမ်းလေးနက်လွန်းသွားပြီ။"

ဒါ လက်တန်းသရုပ်ဆောင်ရတဲ့ ဇာတ်ကွက်ဖြစ်တာမို့ သူနှင့်အတူတွဲသရုပ်ဆောင်ပေးမယ့်သူ မရှိ။ ရှရှင်းချန် သူတစ်ယောက်တည်းသာ သရုပ်ဆောင်ဖို့ စီစဉ်ရတော့သည်။ သူ တက္ကသိုလ်ဝန်းအတွင်း လူများပတ်ပတ်လည်ဝိုင်းရပ်ကာ အဆောက်အဦးပေါ်မှ ခုန်ချပြီး သေသွားသည့် ကောင်မလေးကို ကြည့်နေကြတာကို မြင်မိတာမို့ သူလည်းလျှောက်သွားကြည့်လိုက်ချိန်တွင် သူ့ကောင်မလေးဖြစ်နေတာကို တွေ့လိုက်ရပြီး သူ ချက်ချင်းပဲ အလန့်တကြားအပြေးတိုးဝင်ဖို့ လုပ်လိုက်ပေမယ့် လုံခြုံရေးများ၏ တားဆီးခြင်းကို ခံလိုက်ရသည်။ နီရဲနေသော မျက်လုံးများဖြင့်သူအော်လိုက်သည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now