Chapter 60

1.3K 204 8
                                    


ရှရှင်းချန် ဇာတ်ညွှန်းတစ်ခုလုံး ဖတ်ကာ ချန်းချန်ကျင်းဇာတ်ကောင်နှင့်ပတ်သတ်ပြီး သူတွေးနိုင်သမျှ အရာအကုန်လုံးကို အသေးစိတ်ချရေးထားခြင်းဖြင့် ညလုံးပေါက်နေခဲ့သည်။ သူ အရင်က တက္ကသိုလ် ဝင်ခွင့်စာမေးပွဲအတွက်တောင် ဒီလောက်အထိ မကြိုးစားဖူး။

အရင်တစ်ခေါက် လက်တန်းသရုပ်ဆောင်ရချိန်နှင့် မတူပဲ ဒီတစ်ကြိမ်မှာတော့ သူ ချန်းချန်ကျင်းဇာတ်ကောင်နှင့်သူ့ကဏ္ဍကို အပြည့်အစုံ နားလည်ထားသည် - သူ့အဖေ၊ သူ့မိထွေး၊ သူ့ညီမတို့အပေါ်ထားရှိသည့် သူ့သဘောထားအမြင်၊ ထို့အပြင် သူ့ကောင်မလေးနှင့် ဆက်ဆံရေးအခြေအနေ၊ သူ့ကောင်မလေး သေဆုံးရခြင်းကို ဖြစ်သွားစေသည့် အကြောင်းအရာများ၊ အလုံးစုံပင်။

ဒုတိယ သရုပ်ဆောင်စစ်ဆေးပွဲမတိုင်ခင် ရှရှင်းချန် ဇာတ်လမ်းတစ်ပုဒ်လုံးနှင့် ချန်းချန်ကျင်း ဇာတ်ကောင်ကို သူ့ခေါင်းထဲတွင် ပြန်ဆက်စပ်ပုံဖော်ကြည့်ထားပြီး သူ့ကိုယ်သူ ထိုအထဲတွင် နစ်မြုပ်နေသည်မှာ သူ ပြန်လည်သရုပ်ဆောင်စစ်ဆေးပွဲအတွက် ဒင်းဝမ်ရွှမ်းအရှေ့တွင် မတ်တပ်ရပ်လိုက်သည့် အချိန်အထိပင်။

ရှရှင်းချန် စိတ်ကူးထဲတွင်တော့ ထိုအချိန် ဘေးပတ်ပတ်လည်က မဲမှောင်ကာ တိတ်ဆိတ်နေသင့်သည်။ သူရုတ်တရက် ဧည့်ခန်းကြမ်းပြင်တွင် လဲလျောင်းနေသည့် လူတစ်ယောက်ကိုတွေ့လိုက်သည်၊ သို့ပေမယ့် ထိုသူကဘယ်သူလဲဆိုတာ သူ တန်းအတည်မပြုရဲသေး။ ထို့နောက်မှာတော့ သူ ဘေးပတ်ဝန်းကျင်ကို သတိတကြီး ကြည့်ကာ တဖြည်းဖြည်း အနားကပ်သွားလိုက်သည်။

သူ အနားရောက်သွားပြီး ကြမ်းပြင်တွင် လဲကျနေသူမှာ သူ့ကောင်မလေးမှန်း သေချာသွားသည်နှင့်တပြိုင်နက် သူချက်ချင်းဒူးထောင်ထိုင်ချကာ ကောင်မလေးကို သူ့လက်ထဲ ထွေးပွေ့ထားရင်း သူမခန္ဓာကိုယ်လေးကို လှုပ်ရမ်းကာသူမနာမည်ကို ခပ်တိုးတိုး ခေါ်နေမိသည်။

တုန့်ပြန်သံ ရှိမလာ။

ဖြည်းဖြည်းချင်း ရှရှင်းချန် သူ့တုန်ယင်နေသော လက်ချောင်းများဖြင့် ကောင်မလေး၏ အသက်ရှုသံကို စမ်းကြည့်လိုက်ပြီး သူမ အသက်မရှုတော့မှန်း သေချာသွားသည်နှင့်တပြိုင်နက် သူ့အသားအရေမှာ ဖြူနှမ်းသွားတော့သည်။ချွေးအေးများ သူ့နဖူးပေါ်တွင် တစိမ့်စိမ့်ထွက်လာသည်။

The Star around the Sun 明日星程 [Unicode]Hikayelerin yaşadığı yer. Şimdi keşfedin