Chapter 11

1.4K 249 12
                                    


ရိုက်ကူးရေးက ပြန်လည်စတင်ခဲ့ပြီ။

ရှရှင်းချန် ကုန်စုံဆိုင်အတွင်း ကောင်တာစားပွဲဆီကို ပြန်လျှောက်သွားလိုက်သည်။ သူ စာအုပ်ကို ငုံ့ကြည့်ရင်းတွေးလိုက်မိသည်။

'ငါက ဖန်းကျန်းယွမ် .. အသက်က ၁၈နှစ်၊ အိမ်က ကိုယ်ပိုင် ကုန်စုံဆိုင် ဖွင့်ထားပြီး နွေရာသီ နေ့လည်ခင်းတွေမှာဆို ငါ ဆိုင်ကူစောင့်ပေးလေ့ရှိတယ်'

သူ ဖြည်းဖြည်းချင်း စိတ်ငြိမ်သွားတော့သည်။

ထိုအချိန် အရိပ်တစ်ခုပေါ်လာကာ သူ့မြင်ကွင်းကို ကာသွားသည်။ သူ မော့ကြည့်လိုက်ချိန်မှာ ယန်ယိုမင်တစ်ယောက်တည်းကိုသာ မျက်လုံးထဲ မြင်နေရသည်။

လူစိမ်းတစ်ယောက်ပဲလို့ ရှရှင်းချန်တွေးလိုက်မိသည်။ ဒါပေမယ့် သူက အရမ်း ကြည့်ကောင်းတဲ့ လူစိမ်းပင်။ ရှရှင်းချန် မျက်လုံးများက ယန်ယိုမင် မျက်နှာကို အချိန်တစ်ခုကြာအောင် ကြည့်နေမိလေသည်။

ယန်ယိုမင်ကလည်း သူ့ကို ပြန်ကြည့်နေလေသည်။ ခဏအကြာမှာတော့ ရှရှင်းချန်က အရင်ဆုံး အကြည့်လွှဲလိုက်ကာ မေးလိုက်သည်။

"တစ်ခုခု ဝယ်ချင်တာ ရှိလို့လားခင်ဗျ?"

ယန်ယိုမင် ရုတ်တရက် ပြုံးလိုက်သည်။ သူ့လက်တွေကို ကောင်တာပေါ်တင်ကာ မှီရင်းဖြင့် _ "ကိုယ့်ကို ဆေးလိပ်တစ်ဘူးလောက် ယူလာပေးပါလား?"

ထိုအပြုံးသည် ယခင်က မရှိခဲ့။ ယန်ယိုမင်က သူ့ရဲ့ သရုပ်ဆောင်ပုံကို ကြည့်ပြီး အတူ လိုက်သရုပ်ဆောင်ပေးနေသည်ကို ရှရှင်းချန် သဘောပေါက်သွားလေသည်။

ရှရှင်းချန်က မတ်တပ် ထရပ်လိုက်ပြီး စီးကရက်ဘူး ထားတဲ့ စင်မှ စီးကရက်ဘူးကို ယူဖို့ လှည့်လိုက်သည်။ထို့နောက်တွင်မှ သူ့ကို ဘယ်တံဆိပ် လိုချင်ကြောင်း မပြောရသေးမှန်း သတိရကာ သေချာပြန်မေးဖို့ ပြန်လှည့်လာလေသည်။

" ဘယ်တံဆိပ် _ " သူက စကားဆုံးအောင် မပြောရသေးခင်မှာပဲ ရပ်လိုက်သည်။ ယန်ယိုမင်က နေရာမှာ ရှိမနေပဲကုန်စုံဆိုင်ထဲ ဝင်ကာ အတွင်းဘက် အခန်း ရှိရာဘက်ကို ကြည့်နေသောကြောင့်ပင်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now