Chapter 30

1.3K 255 4
                                    

ထိုနေ့နောက်ဆုံး ရိုက်ရသည့် အခန်းမှာ ဖန်းကျန်းယွမ်နှင့် ယွီဟိုင်ယန် ညစာ စားခန်းပင်။

-Script Mood on-

ဖန်းကျန်းယွမ် ယွီဟိုင်ယန်အတွက် ကုန်စုံဆိုင်ထဲမှ ဘီယာ နှစ်ပုလင်း ယူလာသည်။ ယွီဟိုင်ယန်ကတော့ အေပရွန်ချွတ်ကာ ထမင်းစားပွဲအား မှီရပ်နေသည်။ သူ ဖန်းကျန်းယွမ်လက်ထဲမှ ဘီယာ ပုလင်း များအား လှမ်းယူလိုက်ပြီးအဖုံးကို သွားနှင့် ကိုက်ဖွင့်လိုက်သည်။

ထို့နောက် သူ ဖန်းကျန်းယွမ်အား ဘီယာ တစ်ပုလင်း လှမ်းပေးရင်း ပြောလာသည် : "သောက်ကြည့်မလား။"

ဖန်းကျန်းယွမ် ဘီယာပုလင်း အား အမြန်လှမ်းကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည် : "ကျွန်တော် သောက်ကြည့်မယ်။"

ယွီဟိုင်ယန် ဖန်းကျန်းယွမ်အား ပုစွန် အနှစ်ကြော်နှင့် ငါးပေါင်း ချက်ကျွေးဖို့ စျေး တကူးတကသွားကာ လိုအပ်ပစ္စည်းများ ဝယ်လာခဲ့သည်။

ထမင်းစားနေချိန်အတွင်း ယွီဟိုင်ယန် ဖန်းကျန်းယွမ်နှင့် စကားပြောရင်း ပုစွန် အခွံ ခွါပေးကာ ဖန်းကျန်းယွမ် စားမည့် ပန်းကန်ထဲသို့ ထည့်ပေးနေသည်။ ခွါပြီးသွားချိန်တွင်တော့ သူ့လက်တွင် ကပ်ကျန်နေသည့် ဟင်းအနှစ်ကို လျှာနှင့် လျက်လိုက်ပြီး ဘီယာပုလင်းအား လှမ်းယူကာ ပါးစပ်အပြည့် သောက်လိုက်လေသည်။

ဖန်းကျန်းယွမ် ပုစွန်ကို တူဖြင့် ကောက်ကိုင်ပြီး ယွီဟိုင်ယန်အား ပြောလိုက်သည် : "ကျွန်တော့်အတွက်ပဲ လုပ်မနေနဲ့။ ခင်ဗျားလည်း စားဦး။"

ပြုံးရင်းဖြင့် ယွီဟိုင်ယန် ဘီယာပုလင်း ပြန်ချကာ ပြောလာသည် : "ကိုယ်က မစားချင်တော့ဘူး။"

သူ နောက်ထပ် ပုစွန် အခွံကို ထပ်ခွါပေးရင်း ဖန်းကျန်းယွမ် ပန်းကန်ထဲသို့ ထည့်ပေးလို့ လုပ်လိုက်သည်။

ဖန်းကျန်းယွမ် လက်မြှောက်ကာ သူ့ပန်းကန်အား ကာထားလိုက်သည်။ မထင်မှတ်စွာပဲ ယွီဟိုင်ယန်က ပုစွန်ကို သူ့ပါးစပ်နားသို့ တန်းပို့လာသည်။ ပုစွန်က သူ့နှုတ်ခမ်းအား ထိနေပြီး ဘယ်ညာ ယိမ်းထိုးနေသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now