Chapter 12

1.5K 268 2
                                    


ရှရှင်းချန် အရက်သောက်တာ အရမ်းများသွားပြီး ပြန်တော့မလို့ ဟွမ်ကျီစင်းကို နှုတ်ဆက်ချိန်မှာ အနည်းငယ်ပင် မူးနေပြီဖြစ်သည်။ သူ ဟော်တယ်သို့ တစ်ယောက်တည်း ပြန်လာပြီး ဓာတ်လှေကားမှ ထွက်လာလိုက်သည်။ နူးညံ့သောကော်ဇောပေါ်တွင် သူ့ခြေလှမ်းများက ဖြည်းညင်းစွာဖြင့် အသံတစ်သံမျှ မထွက်ပဲ လျှောက်လှမ်းနေသည်။ သူ့ကိုယ်က ယိမ်းယိုင်နေသည် ဆိုပေမယ့် မတ်တပ်မရပ်နိုင်တော့သည် အထိ မဟုတ်။ သူ့ကိုယ်ထဲမှ စိတ်လှုပ်ရှားမှုများသည် အရက်အစွမ်းဖြင့် သူ့ခြေလှမ်းများကို တစ်နေရာသို့ ခေါ်ဆောင်သွားတော့သည်။

ရှရှင်းချန် ယန်ယိုမင်၏ အခန်းတံခါးရှေ့၌ ရပ်လိုက်ပြီး အခန်းနံပါတ်ကို မော့ကြည့်လိုက်သည်။

ယန်ယိုမင်ကို ညစာ အတူစားရန် ဖိတ်ဖို့ သူ တွေးထားမိသည်။ ရိုက်ကူးနေချိန်အတွင်း ယန်ယိုမင်ရဲ့ ကြင်နာမှု၊နှစ်သိမ့်မှုတွေကြောင့် သူ့ ရင်ထဲမှ ကြောက်ရွံမှု၊ယုံကြည်ချက်မရှိမှုများ ပျောက်ကွယ်သွားရပြီး ရိုက်ကူးနေတဲ့ ကာလတစ်လျှောက်လုံး သူ ထပ်ပြီး စိုးရိမ်မှုများ မခံစားနိုင်တော့ဟုပင် တွေးမိတော့သည်။

ယန်ယိုမင် ရှိနေခြင်းသည် သူ့အတွက် တကယ် ကံကောင်းမှုပင်။ ရှရှင်းချန် လက်ကိုမြောက်ကာ တံခါးကို ခေါက်လိုက်သည်။

သူ နှစ်ကြိမ်မျှ ခေါက်ပြီး ရပ်လိုက်ကာ အထဲမှ အသံကို နားထောင်ကြည့်ပေမယ့် ဘာမှ မကြားရ။ သူ သူ့လက်ဆစ်ကို လက်ချောင်းလေးဖြင့် ပွတ်ပြီး နောက်တစ်ကြိမ် ထပ်မခေါက်ခင် တုန့်ဆိုင်းကာ ခဏမျှ ရပ်လိုက်သည်။

ရှရှင်းချန် စိတ်မသက်မသာ ဖြစ်နေရသည်။ သူ ယန်ယိုမင်ထံ ညဘက် ရုတ်တရက်ကြီး သွားလည်သည်မှာအဆင်ပြေရဲ့လားပင် သူ မသိ။

အမှန်အတိုင်း ဆိုရလျှင် ဟွမ်ကျီစင်း စကားများသည် မှန်နေ၏။ သူ တကယ်ကို ယန်ယိုမင်နှင့် ပတ်သတ်လျှင်အားကိုး အကောင်းမြင်စိတ် ရှိသည်။ ယန်ယိုမင်အရှေ့တွင် သူ အမြဲတမ်း တုန်လှုပ်နေသည့် ပရိတ်သတ်တစ်ယောက် ဖြစ်နေတတ်သည်။ သူ့ အရှေ့ရောက်လျှင် အကောင်း မမြင်မှာ ကြောက်သော စိုးရွံ့စိတ်ဖြင့် အရာရာဂရုစိုက်နေမိကာ တစ်ခါတစ်ခါ သူ့ပုံမှန် ပုံစံမဟုတ်သလိုပင် ရှရှင်းချန် ခံစားမိတော့သည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now