Chapter 82

1K 134 34
                                    


တရုတ်နှစ်ကူးရက်များ နီးကပ်လာပြီမို့ ရှရှင်းချန် သူ့အမေထံမှ ဘယ်အချိန်အိမ်ပြန်လာမလဲဟူသည့် ဖုန်းခေါ်ဆိုမှုလက်ခံရရှိလေသည်။ နှစ်အနည်းငယ်ကြာအောင် အလုပ်ကိစ္စဖြင့် အိမ်အပြင်မှာပဲ အချိန်ကုန်ဆုံးပြီးသည့်နောက်သူ နှစ်တိုင်း နွေဦးပွဲတော်အတွက် အိမ်ပြန်လာလေ့မရှိပေမယ့် အချိန်ရသည့်အခါတွင်တော့ မွေးရပ်မြေသို့ ပြန်ကာသူ့မိဘ၊ သူ့အစ်ကိုနှင့်အတူ အားလပ်ရက်အား ကုန်ဆုံးလေ့ရှိသည်။

ဒီနှစ်ကတော့ နည်းနည်း ပိုထူးခြားသည်။ သူ ယန်ယိုမင်နှင့်အတူ အိမ်ပြန်ချင်ပြီး နှစ်သစ်တစ်ခုကို အတူကုန်ဆုံးချင်မိသည်။

ရှရှင်းချန် သူ့အမေနှင့် ဖုန်းပြောပြီးသည့်နောက် ရုပ်ရှင်ပြစက်အခန်းအတွင်း ယန်ယိုမင် ရုပ်ရှင်ကြည့်လျက် ရှိနေတာကို မြင်လိုက်ရသည်။ သူ အနားလျှောက်သွားကာ ဘေးတွင် ထိုင်ချရင်း မေးလိုက်သည်။ "မင်ကော၊ နှစ်ကူးပွဲတော်အတွက် အစီအစဉ်ရှိလား။"

စလိုက်ထိုးထားတာ ကားချပ်ပေါ်တွင် နိုင်ငံခြားကားတစ်ခု ပြသလျက်ရှိနေသည်။ ယန်ယိုမင် ရီမုတ်ကို လှမ်းယူကာရပ်ရင်း ရှရှင်းချန်းအား ပြောလိုက်သည်။ "ဘာမှ စီစဉ်ထားတာ မရှိဘူး။"

ယန်ယိုမင် မိဘနှစ်ပါးလုံးက ဆုံးပါးသွားပြီးဖြစ်သည်။ အဖေဖြစ်သူက သူ မူလတန်း တက်ကာစ အရွယ်ကတည်းက နာမကျန်းဖြစ်ကာ ဆုံးပါးသွားခဲ့ပြီး သူ့အမေဖြစ်သူကတော့ သူ အလုပ်ခွင်ထဲ စဝင်တဲ့နှစ်မှာပဲ ဆုံးပါးလို့သွားခဲ့သည်။ သူ တောင်ဘက်ပိုင်း မွေးရပ်မြေတွင် အိမ်ဟောင်းလေးအား ထိန်းသိမ်းထားဆဲဖြစ်ပြီး ထိုအိမ်ပေါ်တွင် အမျိုးအချို့လည်း နေလျက်ရှိသည်။ သူ တစ်ခါတစ်လေတော့ ပြန်သွားကြည့်တတ်ပေမယ့် နှစ်သစ်ကူးတိုင်းတော့ မဟုတ်။

လွန်ခဲ့တဲ့ နှစ်နှစ်က တရုတ်နှစ်ကူးချိန်တွင် ယန်ယိုမင် နံဘေး ယွမ်ကျင့် ရှိနေခဲ့သည်။ အကယ်၍များ ဒီနှစ် ရှရှင်းချန်သူ့အနားမရှိပါက သူ ဒီနှစ်လည်း နှစ်ကူးကို တစ်ယောက်တည်း ကုန်ဆုံးရမှာပင်။

အခန်းက အရွယ်အစားအားဖြင့်တော့ ကြီးမားခြင်း မရှိ။ နံရံများက အသံလုံမှုစနစ် ထည့်သွင်းထားတာမို့ အမြဲတိတ်ဆိတ်မှုအပြည့်ဖြစ်နေသည်။ အခုအချိန်အတွင်း အခန်းမီးရောင်များကလည်း မထွန်းထားသည်မို့ ရုပ်ရှင်မျက်နှာပြင်မှ အလင်းရောင်အချို့ကသာ ယန်ယိုမင် မျက်နှာအား ပုံဖော်ပေးနေသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now