Chapter 90

1.1K 100 12
                                    



အပြင်ဘက်ရှိ လက်ဆေးနေရာထောင့်လေးက ကျဉ်းမြောင်းလှတာမို့ တစ်ယောက်ယောက်သာ သူတို့ဘက် လှမ်းကြည့်ပါက သေချာသလောက် မြင်နေရမှာဖြစ်၏။

ရှရှင်းချန် ယွမ်ကျင့်ကို စိုက်ကြည့်ရင်း သူမမေးခွန်းကို ပြန်မဖြေ။

ထိုအစား ယွမ်ကျင့်က ရယ်ပြီးဆက်ပြောလာသည်။ "နှစ်ကူးကို သူ မင်းရဲ့အိမ်မှာ အတူလိုက်ပြီး ကုန်ဆုံးတယ်လို့ငါ ကြားတယ်။"

ရှရှင်းချန် သူ့ရဲ့မတည်မငြိမ်ဖြစ်နေတဲ့ခံစားချက်များကို ထိန်းချုပ်ထားရင်း ယွမ့်ကျင့်အား မေးလိုက်လေသည်။"အခြားနေရာသွားပြောဖို့ အဆင်ပြေနိုင်လား။"

ယွမ်ကျင့် ခေါင်းငြိမ့်ပြသည်။ "ဒါပေါ့။"

သူတို့ သီးသန့်အခန်းထဲမှ ဂျပန်စားသောက်ဆိုင်အပြင်အထိ တစ်ယောက်ပြီးတစ်ယောက် ထထွက်သွားတာကိုသတိထားမိသူ မရှိကြ။ ထိုအချိန်လေးအတွင်း၌ ယွမ်ကျင့်က ဖုန်းခေါ်ဆိုမှုတစ်ခုပြုလုပ်ပြီး သူမကားသော့ကိုတောင် တစ်စုံတစ်ယောက်အား လာပို့ခိုင်းလိုက်သေးသည်။ ထို့နောက်မှာတော့ သူမနှင့် ရှရှင်းချန်က ကားထဲ ဝင်ထိုင်လိုက်ကြ၏။

ရှရှင်းချန်ကလည်း သူ ယွမ်ကျင့်နှင့်စကားပြောဖို့ အပြင်ထွက်သွားကြောင်း ဟွမ်းကျီစင်းထံ စာတိုပို့ထားလိုက်သည်။

ကားရဲ့ပြတင်းပေါက်များက အမဲရောင်ဆေးဆိုးထားတာမို့ အပြင်ဘက်မှ အထဲကို သေသေချာချာ မမြင်ရ။ ကားထဲ သူတို့နှစ်ယောက်သာ ရှိနေသည်။

ယွမ်ကျင့်မှ ပြောလာသည်။ "အရင်တစ်ခေါက်ကတည်းက ထူးဆန်းတယ်လို့ တွေးမိရုံပါ။ ဘာလို့ ယန်ယိုမင်က သူ့အိမ်လျှို့ဝှက်နံပါတ်ကို သူစိမ်းတစ်ယောက်ကို လက်လွှတ်စပယ်ပေးပြီး သူ အိမ်မှာ မရှိနေတဲ့အချိန် လာခိုင်းရတာလဲပေါ့။"

ရှရှင်းချန်က သူမဘေးတွင် ထိုင်လျက်ရှိနေပြီး သူတို့နှစ်ယောက်အကြားတွင် ထိုင်ခုံတစ်ခုသာ ခြားလို့ထားသည်။သူ ဂရုစိုက်တဲ့ကိစ္စက တစ်ခုတည်းသာ။ "ကျင့်-ကျဲ၊ နှစ်ကူးတုန်းက မင်ကော ကျွန်တော်နဲ့အတူ အိမ်လိုက်လာမှန်းဘယ်လိုသိတာလဲ။"

The Star around the Sun 明日星程 [Unicode]Where stories live. Discover now