Chapter 42

1.2K 236 27
                                    


လမ်းဘေး စျေးဆိုင် ဘေးထောင့်ရှိ စားပွဲတစ်ခုသာ ထိုင်သူမရှိ။ လမ်းမီးများနှင့် အနည်းငယ် ဝေးကွာနေ၍ ဖြစ်နိုင်သည်။ အလင်းရောင် သိပ်မရတာမို့ ဘယ်သူမှ လာမထိုင်ကြခြင်းသာ။

သို့ပေမယ့် ထိုစားပွဲ အခြေအနေက ရှရှင်းချန်နှင့် ယန်ယိုမင်တို့အတွက် အကောင်းဆုံးဖြစ်သည်။

စားပွဲကော ထိုင်ခုံကောက နိမ့်လွန်းသည်။ ရှရှင်းချန် သူထိုင်ချလိုက်ချိန်မှာ ယန်ယိုမင် ခြေထောက်အတွက်တော့အဆင်မပြေလောက်ဟု ခံစားလိုက်မိသည်။ သေချာပေါက် သူကိုယ်တိုင်အတွက်လည်း သိပ်အဆင်မပြေ။ သို့ပေမယ့် ယန်ယိုမင်က ထိုအကြောင်းကို ကိစ္စမရှိသလို သဘောထားပုံ ရသည်။ သူ တစ်သျှူးယူကာ ရှရှင်းချန်အရှေ့မှစားပွဲခုံကို သုတ်နေရင်း မေးလိုက်သည်။

"မင်း အခြား ဘာစားချင်လဲ။"

ရှရှင်းချန် ချက်ချင်း တစ်ရှူး နှစ်ရွက် ယူကာ စားပွဲကို သုတ်ရင်း ပြောလိုက်သည်။

"ကျွန်တော် လုပ်လိုက်ပါ့မယ်။"

ယန်ယိုမင် လုပ်နေတာကို မရပ်လိုက်။

ထို့ကြောင့် ရှရှင်းချန် မေးလိုက်သည်။ "ဒီမှာ ဝက်ခြေထောက်ကင်အစား ဘာရှိသေးလဲ။"

ယန်ယိုမင် ပြောလိုက်သည်။ "ကိုယ်မှတ်မိသလောက်တော့ ဒီမှာ ကြက်ဥခေါက်ဆွဲကြော်လည်း ရှိတယ်။"

ရှရှင်းချန် မျက်နှာမှာ ဒုက္ခရောက် စိတ်ပူပန်သလို ပုံပေါ်လာသည်။

ယန်ယိုမင် အသံက ပြောနေချိန်အတွင်းမှာ နူးညံ့သည်။ "ဘာဖြစ်လို့လဲ။"

ရှရှင်းချန် တိုးတိုးလေး ပြောလိုက်သည်။

"ကျွန်တော် တကယ်ကြီး စားချင်တာ။ ဒါပေမယ့် ကျွန်တော့် အခုပုံစံ မထိန်းထားနိုင်မှာလဲ ကြောက်ရတယ်။"

သူက ငယ်ရွယ်ပြီး ဝိတ်တက်တာ မမြန်ဘူးဆိုပေမယ့် သူ့စားသောက်ပုံကို အချိန်တိုင်းလိုလို ထိန်းချုပ်ထားရသည်။အထူးသဖြင့် သူ ဇာတ်ကားရိုက်နေချိန်အတွင်း ဆိုရင်ပေါ့။

ယန်ယိုမင် ပြောလိုက်သည်။ "ဒါဆို ကိုယ်တို့ တစ်ပွဲပဲ မှာပြီး မျှစားကြတာပေါ့။"

The Star around the Sun 明日星程 [Unicode]Where stories live. Discover now