Chapter 95

1.1K 107 6
                                    


ယန်ယိုမင် ရှရှင်းချန်ရဲ့တက်တူးကို နူးနူးညံ့ညံ့လေး လျှာဖြင့်တို့ထိနမ်းရှိုက်နေကာ ကုတင်ပေါ်သို့ ဒူးထောက်အနေအထားနှင့် ခြေတစ်ဖက်ကို တင်ထားလျက် ရှရင်းချန်ရဲ့ ပခုံးကိုပါ တစ်ပါတည်းဆုပ်ကိုင်ရင်း ရုတ်ချည်းဆိုသလို သူ့လှုပ်ရှားမှုများက ကြမ်းတမ်းအလျင်လိုလာတော့သည်။

သူ့နှုတ်ခမ်းပါးများက ရှရှင်းချန်ရဲ့ဂုတ်ပိုးမှတစ်ဆင့် ရှရှင်းချန်ရဲ့နှုတ်ခမ်းထောင့်နားအထိ တက်လာပြီးသည့်နောက် ဆတ်ခနဲ သူ့ခေါင်းကို ဘေးတိမ်းလျက် အကြမ်းပတမ်းနိုင်စွာ ရှရှင်းချန်ရဲ့နှုတ်ခမ်းကို ကိုက်ယူနမ်းရှိုက်လေသည်။

ရှရှင်းချန်မှာ သူ့အနမ်းပြင်းများကို တောင့်ခံနိုင်ဖို့ အလိုက်သင့်လေး ခေါင်းလိုက်ပါစောင်းပေးရုံသာ တတ်နိုင်နေသည်။ သူ့တစ်ကိုယ်လုံးက အဖျားတက်၍ ပူလောင်နေတာမို့ သူ့နှုတ်ခမ်းများကလည်း မီးအပူလုံးတစ်ခု လာစုနေသည့်အလား ပူနွေးနေသည့်အချိန် ယန်ယိုမင်ရဲ့နှုတ်ခမ်းနှင့် လျှာလေးက အေးစက်မှုအနည်းငယ်ကိုသယ်ဆောင်ပေးလာသည်။ သူ လက်မြှောက်ကာ ယန်ယိုမင်ရဲ့လည်ပင်းကို ချိတ်တွယ်ထားရင်း သူ့ရဲ့အားမရှိတဲ့အခြေအနေမှာတောင် အလွန်အမင်း ဖက်တွယ်လို့ထားချင်နေမိသည်။

ယန်ယိုမင်လက်များက သူ့ကျောပေါ်မှတစ်ဆင့် ချွေးများရွှဲနစ်နေသည့်သိုးမွှေးအင်္ကျီထဲ လျှောဝင်၍ သူ့ခါးနှင့်ကျောကို ပွတ်သပ်ပေးလာသည်။

ရှရှင်းချန် ထိုခဏလေးအတွင်း သူ့ခန္ဓာကိုယ်က ပိုလို့ပူလောင်သွားသလို ခံစားလိုက်ရသည်။ သူ့ခါးရိုးလေးက ပျော့ခွေလို့သွားပြီး အသက်ရှုနှုန်းကလည်း ကယောက်ကယက်နိုင်နေကာ သူ့ပေါင်များက မသိမသာလေး တုန်ယင်လို့နေတော့သည်။

ထို့နောက်မှာတော့ ယန်ယိုမင်နှုတ်ခမ်းများက သူ့နှုတ်ခမ်းအနားမှ ခွါကာ သူ့နားရွက်ကို ဖိကပ်လျက် တိုးတိုးရေရွတ်လာလေသည်။ "ကိုယ် မင်းကို အရမ်းလွမ်းနေတာ။"

ပြောပြီးသည်နှင့် ယန်ယိုမင်က သူ့နားရွက်လေးကို တိကိုက်နမ်းယူပြီး သူ့ပါးကိုပါ ထိတွေ့နမ်းရှိုက်လိုက်၏။

The Star around the Sun 明日星程 [Unicode]حيث تعيش القصص. اكتشف الآن