Chapter 97

1.3K 108 8
                                    


ရှရှင်းချန် ပန်းစည်းကိုသယ်လျက် အထဲပြန်လာချိန် ယန်ယိုမင်က အဝတ်အစားလဲပြီးဖြစ်ကာ အိပ်ရာပေါ်ထိုင်၍ဖုန်းပြောနေသည်။

ရှရှင်းချန် ဝင်လာတာကို မြင်တာနှင့် ယန်ယိုမင်က သူ့ကို ပြုံးပြပြီး တစ်ဖက်လူကို စကားဆက်ပြောနေ၏။ ဖုန်းမချခင် သူပြောလေသည်။ "သိပြီ။ ပြဿနာ မရှိဘူး။"

ရှရှင်းချန် TV စင် အပေါ်၌ ပန်းစည်းကို နေရာချထားလိုက်သည်။

ယန်ယိုမင် သူ့ဖုန်းကို ဘေးချပြီးနောက် ခေါင်းမော့၍ မေးလာသည်။ "မင်းကို ဘယ်သူ ပန်းပေးလိုက်တာလဲ။"

ရှရှင်းချန် တမင်ကို တစ်ဖက်လူရဲ့မျက်နှာအမူအရာအား လေ့လာဆန်းစစ်ရင်း ပြောလိုက်သည်။ "ယွမ်ကျင့်"

ယန်ယိုမင် မျက်နှာအမူအရာက လုံးဝ ပြောင်းလဲသွားခြင်း မရှိ။ သူက ပန်းစည်းကို ခဏမျှသာ ငေးကြည့်ပြီးနောက်ရှရှင်းချန်ကို ရုတ်တရက်မေးလေသည်။ "မင်း ယွမ်ကျင့်နဲ့ ရင်းနှီးတာလား။"

ရှရှင်းချန်မှာ ထိုမေးခွန်းကြောင့် ကြောင်အသွားရတော့သည်။

ထို့နောက် ယန်ယိုမင် ဆက်မေး၏။ "မင်း သူ့ကားထဲမှာ ဆယ်မိနစ်ကျော်တောင် ဘာတွေများလုပ်နေတာလဲ။"

ရှရှင်းချန် ယန်ယိုမင်အနားသို့ ဖြည်းဖြည်းချင်းလျှောက်သွားကာ ထိုင်ချလိုက်သည်။ "ကျွန်တော်တို့ စကားပြောဖြစ်ကြတာပါ၊ ကျွန်တော် သူ့ကို ကောအကြောင်းလည်း မေးဖြစ်ရင်း ..."

ယန်ယိုမင် ပြော၏။ "ကိုယ်နဲ့ပတ်သတ်တဲ့ကိစ္စဆို နောက်ကျ မင်း ကိုယ့်ကိုပဲ တိုက်ရိုက်မေး။"

ထိုခဏလေးအတွင်း ယန်ယိုမင် ယွမ်ကျင့်ကို ချစ်ခဲ့ဖူးလားလို့ ရှရှင်းချန် မေးချင်မိသွားပေမယ့် ထိုစကားလုံးများလျှာဖျားအထက် ရောက်လာနီးမှာပဲ သူ လက်လျော့လိုက်မိသည်။ ယန်ယိုမင် ယွမ်ကျင့်ကို ချစ်ခဲ့သည်ဖြစ်စေ မချစ်ခဲ့သည်ဖြစ်စေ ဒါက အတိတ်က ကိစ္စများဖြစ်ပြီး မှတ်ဉာဏ်တစ်ခုအဖြစ် ကျန်ရစ်ခဲ့မှာပင်။ သူလိုချင်တာက ယန်ယိုမင်၏မနက်ဖြန်များသာ။

သို့နှင့် ရှရှင်းချန် သူ့မေးခွန်းကို အချိန်ကိုက်ပြောင်းပြီးမေးလိုက်သည်။ "ဘယ်သူနဲ့ဖုန်းပြောနေတာလဲ။"

The Star around the Sun 明日星程 [Unicode]Where stories live. Discover now