Chapter 62

1.3K 221 23
                                    


ရှရှင်းချန် ဟွမ်ကျီစင်း၏ စကားများကို ကြားသည်နှင့်တပြိုင်နက် သူ့မျက်နှာက ချက်ချင်းဆိုသလို အရောင်ပြောင်းသွားသည်။ သူ့မှာ ဖုံးကွယ်နိုင်ဖို့ နည်းလမ်းတောင် မရှိ။ သူ ထထိုင်ရုံမျှ ခါးကြွလိုက်ပြီး ကော်ဖီတင်စားပွဲပေါ်မှ သူ့ဖုန်းကို လှမ်းယူလိုက်သည်။ သူ တင်းတင်းကြပ်ကြပ် မဆုပ်ကိုင်နိုင်လိုက်ခင်အချိန်လေးတွင် သူ့ဖုန်းက စားပွဲအစွန်းနှင့် တိုက်မိသွားသည်၊ သူ ဖုန်းစကရင်ကို လော့ဖွင့်ရင်း Weiboထဲသို့ ဝင်လိုက်မိသည်။

ဟွမ်းကျီစင်း သူ့အား စိုက်ကြည့်နေသည်၊ သူ့မျက်နှာအမူအရာက အနည်းငယ် ထူးဆန်းနေသည်။

တကယ်တမ်းတွင်တော့ ရှရှင်းချန် Weiboကို မဖွင့်ခင်ကတည်းက သူ့ဖုန်းထဲရှိ Appမျိုးစုံက Notiများ တက်နေပြီးဖြစ်ရာ တက်လာသမျှ သတင်းအကြောင်းအရာများသည် ယန်ယိုမင်နှင့် ယွမ်ကျင့် ကွာရှင်းပြတ်ဆဲကြောင်းများပင်ဖြစ်သည်။

Weiboကို ဖွင့်ပြီးနောက်တွင်တော့ လောလောလတ်လတ်ရှာဖွေမှု စာရင်း၏ ပထမဆုံး အကြောင်းအရာမှာ ယန်ယိုမင်နှင့် ယွမ်ကျင့် ကွာရှင်းပြတ်ဆဲသည့် အကြောင်းများ ဖြစ်နေပြီး ထိပ်တန်းရှာဖွေမှု စာရင်းအကုန်လုံးကလည်း ထိုအကြောင်းအရာ ခေါင်းစဉ်နှင့်သာ ပတ်သတ်နေသည်။

သူ လောလောလတ်လတ်ရှာဖွေထားမှု စာရင်း၏ ပထမဆုံးအကြောင်းအရာကို ဖွင့်ကြည့်လိုက်ပြီး ထိုထဲတွင်တော့အတွင်းသိတစ်ယောက်ထံမှ ကြားရသည့် အတင်းစကားကို Showbiz သတင်းဌာနအကောင့်မှ လူစိတ်ဝင်စားစေမည့်ပုံစံနှင့် သတင်းတစ်ပုဒ် ပြန်လည်တင်ထားသည့် Postကို တွေ့လိုက်ရသည်။

"ယန်ယိုမင်နှင့် ယွမ်ကျင့် ကွာရှင်းပြီးတာ ကြာလှပြီ။"

ထိုအတွင်းသိ၏ပြောပြချက်အရဆိုလျှင်ဖြင့် သူတို့နှစ်ယောက် အတူမနေတော့သည်မှာ တစ်နှစ်ကျော်နေပြီ ဖြစ်ပြီးလွန်ခဲ့သော ခြောက်လကျော်၊ နှစ်ဝက်ခန့်နီးပါးကတည်းက သူတို့ တရားဝင် ကွာရှင်းထားပြီးဖြစ်သည်။ ထိုအကြောင်းများ အကုန်လုံးကို လူသိရှင်ကြား အသိပေးကြေညာခြင်း မရှိခဲ့။

The Star around the Sun 明日星程 [Unicode]Wo Geschichten leben. Entdecke jetzt