Chapter 66

1.6K 218 14
                                    


အခန်းတွင်းမှ အပူရှိန်သည် အဟုန်ပြင်းပြင်းတောက်လောင်နိုင်ရန် လုံလောက်ပြည့်မှီလေပြီးထင်၏။ ရှရှင်းချန် သူ့တစ်ကိုယ်လုံး ချွေးတွေရွှဲနစ်နေသလို ခံစားရသည်၊ သူ့တကိုယ်လုံးကလည်း အိစက်ညက်ညောသောမွေ့ရာထဲ နက်ရှိုင်းစွာ နစ်ဝင်ခဲ့ပြီ။

ယန်ယိုမင် လက်နှစ်ဖက်အား သူ့ကိုယ်လုံးလေးဘေး တစ်ဖက်စီတွင်ထောက်၊ နဖူးအား ရှရှင်းချန်၏ ပခုံးထက် ဖိကပ်လို့ ရှရှင်းချန်၏ ညှပ်ရိုးငယ်အား မွတ်သိပ်စွာ နမ်းရှိုက်၏။

ရှရှင်းချန် လက်မြှောက်လို့ သူ့အား သိုင်းဖက်လိုက်သည်၊ အားသုံးမှုကြောင့် ထကြွလာတဲ့ ပုခုံးအနားမှ ကြွက်သားများအား ခံစားလို့ရ၏။ ဒီအခိုက်အတန့်တွင်တော့ ယန်ယိုမင်သည် ပြင်းပြင်းပြပြ စိတ်ထက်သန်လျက်ရှိပုံပင်။

ယန်ယိုမင်အတွက် ဒီလိုအခြင်းအရာကို ယောက်ျားတစ်ယောက်နှင့် ပထမဆုံးလုပ်ဆောင်ခြင်းဖြစ်လိမ့်မှာ သံသယဖြစ်စရာမရှိ၊ သို့သော် အလိုက်တသင့် စီးမြောနိုင်ဆဲ။ ရှရှင်းချန် အရင်တုန်းက အတွေ့အကြုံ ခံစားချက်များနှင့် မတူ၊ တစ်ဖက်လူ၏ လက်ထဲတွင် သူ့စည်းချက်တွေ အကုန်လုံး မြဲမြဲမြံမြံ ထိန်းချုပ်ခံထားရသလို ခံစားရပြီး သူ ပျော့ခွေလာတော့သည်။

ဒီတဒင်္ဂတွင်တော့ ဟိုတယ်ကုတင်ကြီးသည် ပိုလို့ပိုလို့ အားမာန်ပြင်းပြင်း ယိမ်းယိုင်လှုပ်ရှားခဲ့ပေ၏။ ယန်ယိုမင် သူ့ကိုယ်လုံးလေးအား တင်းကျပ်ကျပ် ထွေးပွေ့လျက် နှုတ်ခမ်းပါးတို့အား ရှရှင်းချန်၏ နွေးအိအိလည်တိုင်ထက်ဆီ ဖြည်းဖြည်းချင်း ဆင်းသက်သွားစေခဲ့သည်။ သူ့အသက်အောင့်ဖို့ကြိုးစားပေမဲ့ နောက်ဆုံးမှာ မထိန်းနိုင်ခဲ့လေဘဲ ငြင်းသံသဲ့သဲ့ လှစ်ဟမိ၏။ ထို့နောက်တွင်တော့ လက်မောင်းအားတို့ လျော့ရဲသွားကာ သူ့တကိုယ်လုံး ရှရှင်းချန်ပေါ်သို့ ပြိုကျသွားခဲ့တော့၏။

ရှရှင်းချန် ဤအခိုက်တွင် သူ၏အသွေးအသား ပြီးမြောက်မှုအား မှင်သက်မိန်းမောမိသည်ထက် စိတ်မှာစိုးထိတ်သွားရခြင်းသည် ပို၏။ သူ ယန်ယိုမင်အား တင်းတင်းကျပ်ကျပ် ဖက်တွယ်ပါလို့ ဒီလူသား သူ့အနားမှ ဘယ်သောခါမှ ထွက်မသွားစေရန် ဆုတောင်းမိသည်။

The Star around the Sun 明日星程 [Unicode]Where stories live. Discover now