ကျွန်တော်ကတော့ ချစ်သူနဲ့အတူဆို ခယောင်းလမ်းလည်း လျှောက်နိုင်တယ်ဆိုတဲ့ ဇာတ်လမ်းတွေမယုံဘူး။ တကယ်က ဒေါ်ခင်ခင်ချိုက သော်ညံ့ကို ကျွန်တော့်တုန်းကလိုမဟုတ်ဘဲ မေတ္တာစစ်နဲ့ စောင့်ရှောက်ပေးခဲ့တယ်ဆိုတာနဲ့တင် ကျေးဇူးတင်သင့်နေပြီ မဟုတ်ဘူးလား။ ပြီးတော့ သော်ညံကလည်း ကျွန်တော့်ကို မဖြစ်မနေ လိုအပ်ပြီးတွယ်တာတတ်တဲ့ ကလေးတစ်ယောက် ဟုတ်မနေဘူး။ ကျွန်တော်မရှိလို့ သူဘာမှဖြစ်မသွားဘူး။ တစ်ခါတစ်လေ ဆိုးတတ်ပြီး တစ်ခါတစ်လေ တစ်ယောက်ယောက်ရဲ့ကာကွယ်မှုကို လိုတယ်ဆိုပေမဲ့ သူ့ကိုကာကွယ်ပေးနိုင်တာ ကျွန်တော်တစ်ယောက်တည်းရှိတယ်လို့လည်း အတ္တမကြီးချင်ဘူး။ သော်ညံက ကျွန်တော်မရှိလည်း နေတတ်မှာပါ။ ကျွန်တော်ကသာ သော်ညံမရှိရင် မဖြစ်တဲ့သူမို့လို့ တစ်နေ့နေ့မှာကြုံလာရမယ့် ဒီကိစ္စမှာ သော်ညံ ကျွန်တော့်ကိုမထားခဲ့အောင် ရနေတဲ့ ဒီအချိန်အတွင်း အဘက်ဘက်ကပြည့်စုံအောင် ကြိုးစားထားဖို့လိုတယ်။

အဲ့ဒီပြီးပြည့်စုံမှုက သူ့စားပွဲပေါ်မှာ ထမင်းစားပြီးချိန်တိုင်း တင်နေတတ်တဲ့ ပဲနို့ဘူးလေးတစ်ဘူးလောက်ပဲဆိုရင်တောင် ကျွန်တော်ကတော့ ရတယ်။
တကယ်လို့ သော်ညံက အဲ့ဒီပဲနို့ဘူးလေးကို မသောက်ချင်တော့ဘူးဆိုရင်လည်း ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် အမှိုက်ပုံးထဲပစ်ထည့်လိုက်ဖို့ ဝန်လေးနေမှာမဟုတ်ဘူး။

"မင်းပစ္စည်းတွေအကုန်သယ်မလာနဲ့။ အိမ်က ကျဉ်းကျဉ်းလေး။ ပွတာပဲအဖတ်တင်တယ်"

အိမ်ပိုင်ရှင်ကြီးရဲ့ ပထမဆုံး ညွှန်ကြားချက်ကတော့ ဒါပဲ။ တကယ်တမ်း ပစ္စည်းရှိရှိမရှိရှိ ဘယ်သူက ဖွတာလဲဆိုတာကိုတော့ ရန်ဖြစ်နေရမှာစိုးလို့ မပြောနေတော့ဘူး။

"ဒါမှမဟုတ်...မင်းအဖေကြီးက ဘောစိမလား။ သူ့ဆီက လက်ဖွဲ့အနေနဲ့ အိမ်ကောင်းကောင်းတစ်လုံးလောက်တောင်းလိုက်ရမလား"

"လက်ဖွဲ့"

"မဟုတ်ဘူးများလား"

သူ့ဟာသူပြောချင်ရာဆွဲပြောပြီး သူ့ဟာသူ မထုံတတ်တေးလုပ်နေတဲ့ သော်ညံ့ကို ဒီကိစ္စဒီနေရာမှာတင် ဖြတ်ရမှာမို့လို့ လက်ကို လှမ်းဆွဲထားလိုက်မိတယ်။

Ctrl+Z(Completed)Where stories live. Discover now