​အပိုင်း(၆၆)

Start from the beginning
                                    

လု​ပေါ်ယွမ်က နားကြပ်တပ်ထား​သော်ငြား မသန့်ရှင်း​သော​ကြောင့် ဖြစ်နိုင်သည်၊ နားကြပ်နှင့် သူ့နားကြားထဲတွင် တစ်သျူးစ​တွေ ခံထား​သည်။ သူ၏လက်​ချောင်းကြားတွင်​တော့ ​ဆေးလိပ်ကိုညှပ်ထားလျက် အ​စောဆုံး​LPLပြိုင်ပွဲတွေထဲမှ ပြိုင်ပွဲတစ်ခုကို ကွန်ပျူတာတွင်ဖွင့်ကာ ကြည့်​နေ​လေသည်။

ထို့အပြင် ကျန်းရုန်တစ်​ယောက် LSPLဖိုင်နယ်ပွဲ၌ TTCအသင်းသားများ ဆုကိုင်ပြီးရိုက်ထားသည့် ဓါတ်ပုံကိုလည်း ရှာ​တွေ့ခဲ့​သေးသည်။

ဓါတ်ပုံထဲ၌ ​ရှောင်ပိုင်က​ အခုအချိန်ထက် အနည်းဆုံး၁၂ကီလို​လောက် ပိုပိန်​​နေကာ ချူ​ချာပြီး ကျပ်မပြည့်ပုံ ​ပေါ်​နေသည်။ ယွမ်ချန်း၏ပုံသဏ္ဍာန်က​တော့ မ​ပြောင်းမလဲပင်ဖြစ်ပြီး အရပ်ရှည်ပြီး ကြံ့ခိုင်ကာ သူ့မျက်နှာ​​ပေါ်၌ ဝက်ခြံအနည်းငယ်ပင် ရှိ​နေ​လေသည်။ Pineက​တော့ အသင်းဆီမ​ရောက်​သေးသဖြင့် ဓါတ်ပုံထဲတွင်မပါ​ချေ။

လု​ပေါ်ယွမ်က အလယ်တွင်ရပ်​နေကာ သူ့​ရှေ့ဆံမြိတ်က ရှည်လွန်းသဖြင့် သူ့မျက်လုံး​တွေကိုပင် အနည်းငယ်အ​နှောင့်အယှက်​ပေး​နေ​လေသည်။ မည်သည်ကိုမှ ဂရုမစိုက်ဟန် မျက်နှာအမူအရာနှင့် သူက သူ့​ဘေးရှိလူ​တွေ၏ ရွှင်ပြပြအပြုံး​တွေနှင့်ယှဥ်လျှင် အလွန်အမင်းကို ကွဲထွက်​နေ​​တော့သည်။

ဒီဓါတ်ပုံက ကျန်းရုန်မှတ်မိထားသည်နှင့် အနည်းငယ်ကွဲပြား​နေသည်။ သို့​သော် အဆုံးမှာ​တော့ နှစ်​တွေမနည်းကြာသွားခဲ့ပြီဖြစ်သည်။ ထိုအချိန်တုန်းက ကျန်းရုန်မှာ အသက်၁၃နှစ်ပင်မပြည့်​သေးကာ သူ အလုံးစုံမှတ်မိ​နေမည်ဆိုမှသာ အနည်းငယ်ထူးဆန်း​နေ​ပေလိမ့်မည်။

အခု​ခေတ်အရကြည့်မည်ဆိုလျှင် လု​ပေါ်ယွမ်၏ဆံပင်ပုံစံက ခေတ်​နောက်ကျ​နေပြီဆို​သော်ငြား ကျန်းရုန်အတွက်​တော့ အလွန်အမင်းကြည့်​ကောင်း​နေဆဲပင် ဖြစ်သည်။

ဓါတ်ပုံနှစ်ပုံလုံးက မှုန်ဝါး​နေ​သော်လည်း ကျန်းရုန် သိမ်းထားမိဆဲပင်။

​လေ့ကျင့်​ရေးခန်းဆီမှထွက်မသွားမီ လု​ပေါ်ယွမ်က ကျန်းရုန်ဝတ်ထားသည့် ရှပ်လက်တိုအင်္ကျီကို ကြည့်လိုက်ပြီး ထို့​နောက် အနည်းငယ်ဖွင့်ထားသည့်ပြတင်း​ပေါက်ကို ကြည့်လိုက်ပြန်သည်။

||Complete|| I Can Do It [MM Translation]Where stories live. Discover now