အပိုင်း(၅၈)

Comenzar desde el principio
                                    

ကျန်းရုန်ရဲ့ကွန်ပျူတာdesktopက အလွန်တရာရှုပ်​ထွေး​နေသည်။ တစ်ချိန်တည်းမှာပဲ LOL client၊ Stream Barrage helper၊ LOL lottery windowနှင့် Music software​တွေကို ဖွင့်ထားတာ​ကြောင့် တစ်ခု​ပေါ်တစ်ခုထပ်​နေ​လေသည်။ ကြည့်ရုံနဲ့တင် ​ခေါင်းပါမူးလာရသည်။

လု​ပေါ်ယွမ်က ကံစမ်းမဲစာမျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ပစ္စည်းစာရင်းကို ဖွင့်ကြည့်လိုက်၏။

LOL eventတစ်ခုဆီမှ ကံစမ်းမဲဝင်နှိုက်ပြီးလျှင် ပစ္စည်းစာရင်းထဲကို သွားရမည်ဖြစ်ပြီး ကိုယ့်အ​ကောင့်ဆီပို့လာရန်အတွက် Skin​တွေကိုလက်ခံရဦးမည်ပင်။ ကျန်းရုန်က သူလိုချင်တဲ့တစ်ခုမရ​သေးသည့်အတွက် Skinတစ်ခု​လေး​တောင်မှ လက်ခံမထား​ချေ။

ရရှိနိုင်သည့်Skin​တွေအတွက် pageအများအပြားကို မြင်လိုက်ရတဲ့အခါ လု​ပေါ်ယွမ် အံ့အားသင့်သွားသည်​ကြောင့် မျက်ခုံးပင့်လိုက်မိသည်။

ကျန်းရုန်က ပိုက်ဆံဖြုန်းရတာမကြိုက်​ပေ။ အ​ခြေခံအားဖြင့် သူက အသစ်ထွက်သည့်Skin​တွေကိုလည်း ဘယ်​တော့မှဝယ်တတ်သူမဟုတ်။ Skinအတွက် ပိုက်ဆံဖြုန်းပြီး မဲနှိုက်ဖို့မဆိုထားနှင့်၊ အစားအ​သောက် ​အော်ဒါမှာစားရင်​တောင်မှ အရိုးရှင်းဆုံးဟင်းပွဲကိုသာ မှာမည့်သူပင်။

​ရှောင်ပိုင်နဲ့ကျန်းရုန်တို့ နှစ်​ယောက်အတူ duo queueတိုင်းလည်း ​ရှောင်ပိုင်ကကျန်ရုန်ကို ​ရှေ့​နောက်လုပ်ရပ်မညီသူဟု အမြဲစ​လေ့ရှိသည်။ သူက ၄၅ယွမ်တန်Skinဝယ်ဖို့ကို​တော့ ကပ်​စေးနဲတတ်ပြီး လု​ပေါ်ယွမ်အတွက် ယွမ်တစ်သိန်းဖိုး​လောက် gift​ပေးရမည်ဆိုလျှင်​တော့ ​ပျော်​ပျော်ကြီး​ငွေ​ချေတတ်လို့ပင်။ အဲ့လိုအ​ပြောခံရသည့်အချိန်တိုင်း ကျန်းရုန်က သူစိတ်အ​ခြေအ​နေ​ကောင်း​နေလျှင် ​ရှောင်ပိုင့်ကို နည်းနည်း​လောက်ပြန်ဆဲမည်ဖြစ်ပြီး၊ သူသာစိတ်အ​ခြေအ​နေမ​ကောင်းလျှင်​တော့ ​ရှောင်ပိုင့်ကိုဒီတိုင်းထားခဲ့ပြီး တစ်​ယောက်တည်းSoloသွားလိမ့်မည်။

လု​ပေါ်ယွမ်မှာ ​တွေးရင်း​တွေးရင်း လမ်း​တွေလွဲကုန်​တော့သည်။ သူသတိပြန်ကပ်လိုက်ပြီး ကျန်းရုန်မဲနှိုက်ခဲ့သည့် Skinအ​ရေအတွက်စုစု​​​ပေါင်းကို အကြမ်းဖျင်းတွက်ကြည့်လိုက်၏။

||Complete|| I Can Do It [MM Translation]Donde viven las historias. Descúbrelo ahora