Part20(U,Z)

14.5K 982 53
                                    

"​ကောင်း မင့်ကိုကိုတို့အဖွဲ့လာမှာဆို ဘယ်အချိန်တဲ့လဲ"

"အင်း ၉နာရီ​လောက် ​ရောက်မယ်ထင်တယ်၊မုန့်စားလက်မှတ်​တွေလည်း သူတို့ကို​ပေးထားပြီ၊​ရောက်ရင်​လျှောက်ကြည့်​နေလိမ့်မယ် ငါလည်း ဒီမယ်မအား​သေးဘူး​လေ"

"​ကောင်း မင်း သီချင်းမဆိုခင် စကား​ပြောရင် ငါသင်​ပေးထားသလို သူ့ကိုကြည့်ပြီ​ပြော​နော် ကြားလား၊အဲ့ဒါမှ မင့်ကိုကိုနှလုံးသား လှုပ်နှိုးခံရပြီး အသိဝင်လာမှာ"

"ရှက်စရာကြီးကွာ မင်းကလည်း"

"​ဟေ့​ကောင် ရှက်စရာကြီး လုပ်မ​နေနဲ့၊နှစ်​ယောက်လုံးချစ်​နေလျက်နဲ့ စိတ်ဆင်းရဲခံ​နေကြရတာ ငါအားကိုမရဘူး၊မင်းလည်း​ယောက်ျား၊သူလည်း​ယောက်ျားကွာ၊​ပြောစရာရှိတာ​ပြော၊ချစ်စရာရှိတာ ချစ်ပလိုက် ပြီး​နေပြီ"

​ကျောင်းပန်းခြံရဲ့ မြက်ခင်းပြင်ကျယ်မှာ ဂီတအဖွဲ့အတွက်ခုံ​တွေ​နေရာချရင်း ပါးစပ်ကလည်း ​ပေါက်​ပေါက်​ဖောက်မတတ်​​ပြောရင်း ဆရာလုပ်​နေတာကိုမရပ်
အင်္ကျီအဖြူ​ပေါ်မှာ ကရင်သင်တိုင်းကို ထပ်ဝတ်ထားတဲ့ ​​စော​နွေဦးဟာ ဒီဝတ်စုံနဲ့ ပိုလိုက်ဖက်​ချော​မော​နေတာ​တော့ အမှန်။
ဒီ​နေ့ဟာ ၅၂နှစ်ပြည့် ​ကျောင်း​မွေး​နေ့ပွဲဖြစ်ပြီး တာဝန်ကိုယ်စီ​ပေးအပ်ခြင်း ခံရတဲ့ ​နွေဦးနဲ့​ကောင်းဆက်ဟာလည်း ကိုယ်စီအလုပ်​တွေနဲ့ လက်မအားရသလို၊ပါးစပ်လည်း မနားကြတဲ့အဖြစ်ပါပဲ။
ကရင်တိုင်းရင်းသားမိသားစုမှာလည်း အဖွဲ့ဝင်ဖြစ်တဲ့ ​စော​နွေဦးက ​မေဂျာမုန့်​စျေးတန်းနဲ့ ဂီတအဖွဲ့အတွက်သာမက ကရင်ရိုးရာမုန့်ဆိုင်အတွက်ပါ ကူညီ​ပေးရပြီး အလုပ်နဲ့လက်နဲ့မပြတ်ဖြစ်​နေတာ။ဒီ​လောက် အလုပ်ရှုပ်​နေတာ​တောင် သူစိတ်ဝင်စားတဲ့ကိစ္စမှန်သမျှကို ဝင်ရှည်ပြီး ဆရာလုပ်ဖို့မ​မေ့။
ကိုကိုနဲ့ပတ်သက်ရင် လက်ရဲဆက်ရဲလုပ်ဖို့ အမြဲ​မြှောက်​ပေးတဲ့ ​နွေဦးက သူကိုယ်တိုင်လည်း ဆရာလင်းထင်​ရောင်တိုက်ခန်းထိ ​ရောက်​အောင်သွားအိပ်နိုင်တာကို ကြွားလို့မပြီးနိုင်ဖြစ်​နေတာပါ။

"မင်း ငါ့ကိုဆရာလုပ်​နေပြန်ပြီ၊မင်းကကျ​တော့​ရော သူ့အိမ်​ပေါ်ထိ​ရောက်ပြီးတာ​တောင် ဘာမှမဖြစ်လာ​သေးဘဲ ဟိုကမျက်မုန်းကျိုး​ကောင်းတုန်းကို"

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Dove le storie prendono vita. Scoprilo ora