Part30(U,Z)

15.7K 881 45
                                    

မဟူရာ​ရောင်​တောက်​နေတဲ့ ​မော်ဒယ်မြင့်မာစီးဒီးတစ်စင်းဟာ ​ကျောင်းဝင်းထဲကို ဝင်လာလာခြင်းမှာပဲ ​ဘေးဘီဝဲယာက လူအများစုရဲ့ အကြည့်​တွေက ထိုကားဆီသို့ စုပြုံ​ရောက်လာကြ​​တော့သည်။​ကားနောက်မြီးက တမင်ထွင်းထုထားတဲ့ နာမည်စာလုံးရယ်၊20​​​တွေပဲပါတဲဲ့ သီးသန့်မှာယူထားပုံ​ပေါ်တဲ့ ကားနံပါတ်ရယ်ကို မြင်ရုံနဲ့တင် ဘယ်သူဘယ်ဝါဆိုတာ သိပ်စဥ်းစားစရာမလိုကြ​ပေ။
မူပိုင်အမှတ်အသား​တွေနဲ့ ထိုကားပိုင်ရှင်ကို အထူးတလည်စူးစမ်း​နေစရာမလို
သို့​သော် ​အံ့အားသင့်စရာတစ်ချို့​တော့ ရှိ​နေ​သေးသည်။
ပထမအချက် ချစ်လူမိုက်လို့ နာမည်တွင်တဲ့ the whole kingသည် ​ကျောင်းကို ပြိုင်ကားနဲ့သာ လာ​လေ့ရှိပြီး ဒီလို​မိသားစုဇိမ်ခံကားမျိုးနဲ့လာတာ ပထမဆုံးအကြိမ်ဖြစ်သည်။
ဒုတိယအချက်မှာ​တော့ အားလုံး ပါးစပ်အ​ဟောင်းသားနဲ့ ဒီကာလ​တွေမှာ သူတို့တစ်စွန်းတစ်စကြားခဲ့ရတဲ့ ​ကောလဟာလဟာ အတည်ဖြစ်နိုင်​ချေရှိ​ကြောင်း ယူဆချင်စရာဖြစ်သည်။
အ​​ကြောင်းမှာ ထိုကား​ပေါ်က​နေ ဆင်းလာတဲ့ Emajorက နာမည်ကြီး ဆရာလင်းထင်​ရောင်​ကြောင့်ပင်။

ဒုတိယနှစ်စာ​မေးပွဲပြီးတဲ့​နောက် ပိတ်ရက်ကာလမှာ အံ့အားသင့်ဖွယ်သတင်းတစ်ပုဒ်ရှိခဲ့​လေသည်
Emajorက စာဂျပိုး၊ရည်မှန်းချက်ကြီးသူ ဆရာလင်းထင်​ရောင်က မဟာအခွင့်အ​ရေးဖြစ်တဲ့ စ​ကောလားရှစ်ကို လက်လွှတ်လိုက်တယ်ဆိုတာပင်။ထိုကိစ္စဟာ ​စော​နွေဦးရဲ့ ကားအက်ဆီးဒန့်ကိစ္စ​နောက်မှာ မ​ရှေးမ​နှောင်းဖြစ်လာခြင်းဖြစ်ပြီး သူတို့ပတ်သက်မှုကို မရိုးရှင်းဘူးလို့ သတ်မှတ်ထားကြသူ​တွေက ဒါဟာ တိုက်ဆိုင်မှုတစ်ခုမဟုတ်ဘူးလို့ ​ကောက်ချက်ချရင်း၊group chat​တွေမှာ ငြင်းခုန်မှုတစ်ချို့လည်း အပြိုင်အဆိုင် ပြုလုပ်ခဲ့ကြသးသည်။
အခု​တော့ ငြင်းခဲ့သူပျိုမဒီများလည်း တိုက်ဆိုင်မှု မဟုတ်ဘူးဆိုတာ လက်ခံရမလို ဖြစ်​နေ​လေပြီ။
အ​ကြောင်းမှာ ထိုဆရာအ​ချောအလှကို မျက်​တောင်မခတ်စတမ်းကြည့်ရင်း၊ထိုဆရာ​လေးရဲ့ လက်ဆွဲအိတ်ကို ဆွဲယူရင်း ​ပြုံးရွှင်လျက် စကားဆို​နေ​သော ​စော​နွေဦး​ကြောင့်ဖြစ်သည်။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now