Part43(U,Z)🔞

23.7K 766 62
                                    

⚠️Warning
ဒီအပိုင်းက adult sceneပိုများတဲ့ အပိုင်းပါ။Plusခန်းမကြိုက်ရင် ​ကျော်သွားလို့ရပါတယ်၊ပြီးခဲ့တဲ့အပိုင်းရဲ့ အဆက်ဖြစ်ပြီး ​နောက်အပိုင်း​တွေနဲ့လည်း မဆိုင်မှာမို့ အဆက်အစပ်မရှိတာမျိုး မဖြစ်ပါဘူး။
ဖတ်ပြီးရင်လည်း wpကစာကို wpမှာပဲ ထားခဲ့ကြပါလို့လည်း ကြို​ပြီး ​မေတ္တာရပ်ခံပါတယ်ရှင့်။
××××

"ကိုကို ဒီ​ကောင့်ကိုမှတ်မိလား....​ငဘုန်း​လေ"

သီချင်းဆိုပြီး​နောက် ဧည့်သည်​တွေကို လိုက်နှုတ်ဆက်​နေကြစဉ် ​​​​မောင်က ​မေးလာတာမို့ တစ်ဖက်ကသူကို ​သေချာကြည့်မိသွားရသည်။
ငဘုန်းဆိုတာ ​​​နွေဦးရဲ့ ငယ်သူငယ်ချင်း၊သူ့အဆဲအဆို၊သူ့အနွံတာကို အခံနိုင်ဆုံး ​ကောင်​​လေးပဲ။
မ​တွေ့ရတဲ့နှစ်​တွေကြာပြီမို့ ရုတ်တရက်မမှတ်မိ​ပေမယ့် ပြန်အစ​ဖော်တာနဲ့ အားလုံးပြန်မှတ်မိတာမို့ ​ခေါင်းကိုခပ်သွက်သွက်ညိတ်ပြရင်းပဲ

"အင်း မှတ်မိတာ​ပေါ့....​အောင်ဘုန်း​​မော်မလား"

"ဟုတ်ပါ့ အစ်ကိုရာ....ဒီ​ကောင် ခုထိကျွန်​တော့်ကို နာမည်ဖျက်ပြီး ငဘုန်း​ခေါ်တုန်း"

"မင်းလည်း ခုထိ ကိုကို့ကို​တွေ့တာနဲ့ ငါ့အ​ကြောင်းက တိုင်ချင်တုန်း​နော်"

"ပြန်​တွေ့ရတာ ဝမ်းသာပါတယ် ညီ​လေး၊ ဒီကြားထဲ လုံးဝမ​တွေ့ဖြစ်ဘူး​နော် ငါ့ညီကို"

"ဟုတ်တယ် အစ်ကို​ရေး...ကျွန်​တော် ယူအက်စ်မှာပဲ အ​နေများ​နေလို့
ခု​တော့ exportလုပ်ဖြစ်​နေ​တော့ ဒီကို မကြာမကြာ ပြန်လာဖြစ်​နေတာ
ဒီ​ကောင်ကြီးနဲ့ ပြန်ဆက်သွယ်မိတာ​ပေါ့
ဒီ​ကောင် သူ့ရည်မှန်းချက်ကို​တော့ တကယ်ဖြစ်​အောင် လုပ်သွားတာ​​နော် အစ်ကို​
တစ်ချိန်ကျရင် သူအစ်ကို့ကိုယူမှာဆိုတာ ကျွန်တော်က ဒီ​ကောင်​လျှောက်​ပြော​နေတယ်ပဲထင်တာ၊ခု တကယ်ကြီးဗျာ"

​အောင်ဘုန်း​မော်ရဲ့ ပွင့်ပွင့်လင်းလင်းအ​ပြော​ကြောင့် မျက်နှာများပင် ပူခနဲဖြစ်ရသည်။
အက်​ဆေး​အ​ရေးကျင့်ခိုင်းစဉ်က အနာဂတ်ရည်မှန်းချက်က ​ယောက်ျားယူရန်လို့ ​ရေးခဲ့တဲ့ ​စော​နွေဦးကို ပြန်မြင်မိ​တော့ ​ဘေးကပြုံးဖြီး​နေသူကို နားရွက်ပင်ဆွဲလိမ်ချင်လာရသည်။

"မှတ်မိ​သေးတယ်...သင်္ကြန်မှာ​လေ ကျွန်​တော်က အစ်ကို့ကို သူ​ခေါ်သလို ကိုကို​ခေါ်မိလို့ ဒီ​ကောင် ဥစ္စာ​ခြောက်တာ​လေ
ဘယ်သိမလဲ ဒင်းမရိုးသားမှန်း
ခု​တော့ ဖိတ်စာ​ရောက်လာမှ ကျွန်​တော်ပြန်စဉ်းစားရင်း သံ​ဝေဂ​တွေပါ ရတယ်"

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Hikayelerin yaşadığı yer. Şimdi keşfedin