Part48(U,Z)

11.1K 675 20
                                    

"အဟင့်...ဒယ်ဒီ့ကို​ခေါ်​ပေး အဟင့်အဟင့်"

"ဒယ်ဒီ မနက်ဖြန်ဆို ပြန်လာ​တော့မှာ​လေ သားရဲ့
ပြီး​တော့ အခုချိန်ဆို ဒယ်ဒီက အစည်းအ​ဝေးခန်းထဲ​ ​ရောက်​နေမှာ၊ဖုန်း​ခေါ်လို့ မရဘူး​လေ သားရဲ့ ​နော်"

"အင့်...ဒယ်ဒီ့ကိုလွမ်း​နေပြီ"

"​အေးပါ သားရယ်၊​​ဖေ့သား​လေးက ဒယ်ဒီ့ကို လွမ်း​နေ​လောက်ပြီ​​ပေါ့
မငိုနဲ့​တော့​နော် သား၊ကိုယ်ပူရှိန်​တွေ ပြန်တက်လာမယ်၊သား ​ဆေးမထိုးချင်​တော့ဘူး မလား"

"ဟင့်အင်း...ထိုး​ဘူး ​ဖေ"

"အင်းအင်း မထိုး​ရ​တော့ဘူး​နော်၊ သား ဘွားပုလုပ်​ပေးထားတဲ့ ကြက်စွပ်ပြုတ်ရှိတယ်၊​သောက်မလား သား
​ဖေ​ဖေ ​​နွှေး​ပေးမယ်​လေ"

"ဟင့်အင်း ဟင့်အင်း...​​နွှေးနဲ့ ​ဖေချီထား"

လူ​ပေါ်မှာ ​တောက်တဲ့လို တွယ်ကပ်​နေတဲ့သားက ​​နေမ​ကောင်းဖြစ်​တော့ အ​ဖေကို ပိုကပ်​​နေပြီး တခြားလူ ဘယ်သူမှ​ခေါ်မရဖြစ်​နေ​တော့တာ
​​ရေခဲမုန့်​တွေဆက်တိုက်စားတာရယ်၊​ရေကူးကန်ထဲမှာ ​ဆော့ချင်တယ်ဆိုလို့ ​ဆော့​ပေးရင်းက​နေ ​တော်​တော်နဲ့ ပြန်​ခေါ်မရတာရယ်နဲ့ အဆုတ်အ​အေးမိပြီး ဖျားသွားတဲ့သားက ပထမရက်မှာ ​​ဒေါက်တာနဲ့ ​ဆေးထိုးရသည်အထိ အပူချိန်တက်သွား​သေးသည်။​​နောက်ပြီး လွမ်းဖျားဟုဆိုရမလားမသိ....ဖျား​တော့ သူ့ဒယ်ဒီကိုပဲ တ​မေးထဲ​မေး​နေ​တော့တာ ဖြစ်သည်။
သား​ ဖျား​နေတာ သိသွားသူကလည်း ပြို​တော့မဲ့မိုးလို မျက်နှာနဲ့ဖြစ်ပြီး ချက်ချင်း ပြန်လာဖို့လုပ်နေလို့ အလုပ်မပြီးဘဲ ပြန်မလာရဘူးဟု တစ်ချက်လွတ်အမိန့် ထုတ်လိုက်ကာမှ မသက်မသာနဲ့ ငြိမ်သွားတာဖြစ်သည်။

အခုအ​ခြေအ​နေက သားလည်းမူကြိုမသွားရသလို၊ကျွန်​တော်လည်း ​ကျောင်းမသွားရ
ဒီလို​တွေ ​ကျောင်းပျက်ရမယ်မှန်းသိရင် အစကတည်းက ခွင့်ယူပြီး ပြင်သစ်လိုက်သွားလိုက်ပါတယ်။အဲ့ဒါကမှ ဒီအ​ခြေအ​နေကြီးထက် ပို​ကောင်းလာဦးမည်​​လေ။
အခု​တော့ သားကို​ပွေ့ချီထားရင်သာ ဆိုဖာကိုမှီလျက် ငြိမ်​​နေရ​တော့သည်။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now