Hello...it's about the book📚

1.9K 79 15
                                    

Hellooo...ရေချယ်ပါ
နွေဦးတို့ကို 12လပိုင်းထဲမှာ physical bookအဖြစ်ထွက်ဖို့ရှိတယ်ဆိုတာလေး အသိပေးချင်လို့ပါ။
နွေဦးတို့က အပိုင်း၅၀တောင်ရှိပြီး အပိုင်းတွေလည်းရှည်တာမို့ မလိုအပ်တဲ့တချို့sceneလေးတွေ(ဥပမာ sixteenထဲမှာပါထားပြီးသား ကိုကိုနဲ့ကောင်းဆက်အကြောင်းတွေ)ရယ် plus sceneတွေရယ်ကို ဖြုတ်ထားပါတယ်။Extra၁၀ပိုင်းကိုတော့ စာအုပ်တွေ မထည့်တော့ဖို့ ရေချယ်ဆုံးဖြတ်ထားပါတယ်။အပိုင်း၆၀စာဆို စာအုပ်ကတော်တော်ကြီးထူသွားနိုင်ချေရှိပြီး စျေးအတွက်လည်း ရေချယ်ဝန်လေးမိလို့ပါ။
အမှန်တိုင်းပြောရရင် နွေဦးတို့ကို စာအုပ်ထုတ်ရမှာကို တော်တော်လေးစိတ်ပူဝန်လေးမိပါတယ်၊အကောင်းဆုံးဖြစ်အောင် ကြိုးစားထားပေမဲ့ ပြီးပြည့်စုံတဲ့စောနွေဦးတို့ဖြစ်မလာမှာကြောက်တဲ့စိတ်က ပိုပါတယ်။
အမှတ်တရဖြစ်စေမဲ့ artတွေပါဝင်လာမှာဖြစ်ပြီး Character artတော့ မထည့်ထားပါဘူး။စောနွေဦးကို ပုံဖော်ဖို့ ကိုယ်တိုင်ယုံကြည်ချက်မရှိလို့ပါ။
အကျဉ်းချုပ်ပြောရရင်တော့ အကောင်းဆုံးဖြစ်အောင် သေချာကြိုးစားထားပါတယ်၊တိုက်ကလည်း အားလုံးသိပြီးသားတိုက်ဖြစ်သလို စိတ်ချစွာဝယ်လို့ရတဲ့တိုက်ပါ။၁၂လပိုင်းထဲမှာထွက်လာဖို့ စီစဉ်ထားပါတယ်။နောက်နှစ်ရဲ့ နွေဦးလေပြည်တွေတိုက်ခတ်ချိန်ဆို စောနွေဦးက အားလုံးရဲ့အိမ်ကို ရောက်နေနိုင်ပါပြီလို့ သတင်းကောင်းလေးပါးလိုက်ပါရစေရှင့်။
Love U All
Rachel
14Nov,2023

Hellooo...ေရခ်ယ္ပါ
ေႏြဦးတို႔ကို 12လပိုင္းထဲမွာ physical bookအျဖစ္ထြက္ဖို႔ရွိတယ္ဆိုတာေလး အသိေပးခ်င္လို႔ပါ။
ေႏြဦးတို႔က အပိုင္း၅၀ေတာင္ရွိၿပီး အပိုင္းေတြလည္းရွည္တာမို႔ မလိုအပ္တဲ့တခ်ိဳ႕sceneေလးေတြ(ဥပမာ sixteenထဲမွာပါထားၿပီးသား ကိုကိုနဲ႔ေကာင္းဆက္အေၾကာင္းေတြ)ရယ္ plus sceneေတြရယ္ကို ျဖဳတ္ထားပါတယ္။Extra၁၀ပိုင္းကိုေတာ့ စာအုပ္ေတြ မထည့္ေတာ့ဖို႔ ေရခ်ယ္ဆုံးျဖတ္ထားပါတယ္။အပိုင္း၆၀စာဆို စာအုပ္ကေတာ္ေတာ္ႀကီးထူသြားႏိုင္ေခ်ရွိၿပီး ေစ်းအတြက္လည္း ေရခ်ယ္ဝန္ေလးမိလို႔ပါ။
အမွန္တိုင္းေျပာရရင္ ေႏြဦးတို႔ကို စာအုပ္ထုတ္ရမွာကို ေတာ္ေတာ္ေလးစိတ္ပူဝန္ေလးမိပါတယ္၊အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားထားေပမဲ့ ၿပီးျပည့္စုံတဲ့ေစာေႏြဦးတို႔ျဖစ္မလာမွာေၾကာက္တဲ့စိတ္က ပိုပါတယ္။
အမွတ္တရျဖစ္ေစမဲ့ artေတြပါဝင္လာမွာျဖစ္ၿပီး Character artေတာ့ မထည့္ထားပါဘူး။ေစာေႏြဦးကို ပုံေဖာ္ဖို႔ ကိုယ္တိုင္ယုံၾကည္ခ်က္မရွိလို႔ပါ။
အက်ဥ္းခ်ဳပ္ေျပာရရင္ေတာ့ အေကာင္းဆုံးျဖစ္ေအာင္ ေသခ်ာႀကိဳးစားထားပါတယ္၊တိုက္ကလည္း အားလုံးသိၿပီးသားတိုက္ျဖစ္သလို စိတ္ခ်စြာဝယ္လို႔ရတဲ့တိုက္ပါ။၁၂လပိုင္းထဲမွာထြက္လာဖို႔ စီစဥ္ထားပါတယ္။ေနာက္ႏွစ္ရဲ႕ ေႏြဦးေလျပည္ေတြတိုက္ခတ္ခ်ိန္ဆို ေစာေႏြဦးက အားလုံးရဲ႕အိမ္ကို ေရာက္ေနႏိုင္ပါၿပီလို႔ သတင္းေကာင္းေလးပါးလိုက္ပါရေစရွင့္။
Love U All
Rachel
14Nov,2023

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​(​ေႏြဦး​ေလ​ျပည္ ခ်စ္သက္​ေသတည္​)(Completed)Where stories live. Discover now