Part31(U,Z)

11.8K 796 26
                                    

"​မောင် ...ကားကို ဖြည်းဖြည်း​မောင်းသွား​နော်၊စိတ်​လောပြီး အတင်းမသွားနဲ့​
အကျိုးအ​ကြောင်းလည်း ဖုန်းဆက်​ပြောဦး​နော်"

"ဟုတ် ကိုကို....အဲ့ဒါဆို ​မောင် သွားပြီ၊​​​ကျောင်းကို taxiငှားသွား​နော် ကိုကို၊bus​စောင့်မ​နေနဲ့​နော်"

​ခေါင်းညိတ်ပြသူကို လက်ပြနှုတ်ဆက်ရင်း ​ကောင်းဆက်တို့ ကွန်ဒိုရှိရာဆီ ကားကိုဦးတည်လိုက်သည်။
မနက်အ​စော ​ဖုန်းဝင်လာပြီး "ကိုကို့ဆီသွားချင်လို့ ငါ့ကိုလာ​ခေါ်ပါ"ဆိုတဲ့ ​ကောင်းဆက်လျှံရဲ့ အသံက တစ်ခုခုကို ထိတ်လန့်​နေတဲ့အသံမျိုးမို့ စိတ်ပူသွားရတာအမှန်။
​​ကိုကို့ကိုလည်း ​ကျောင်းလိုက်မပို့နိုင်​တော့ဘဲ ကွန်ဒိုဆီသာ တစ်ခါတည်း ထွက်လာခဲ့ရ​တော့တာ။
​ကောင်းတဲ့ကိစ္စ​တော့ ဘယ်လိုမှမဖြစ်နိုင်မှန်းသိတဲ့အခါ ကိုယ့်သူငယ်ချင်းအတွက် စိတ်ကပူရပြန်သည်။ဘာ​တွေဘယ်လို မုန်တိုင်းဝင်ပြန်ပြီးလဲလို့သာ စိတ်တိုတိုနဲ့ ​မေးခွန်းထုတ်​နေမိ​တော့သည်။

ကွန်ဒို​ရှေ့​ရောက်​တော့ ​ခွေးပုစိနှစ်​ကောင်ကိုပိုက်ပြီး အင်မတန်​သောက​ပွေ​​နေပုံ​ပေါ်တဲ့ ​ကောင်းဆက်ကို ​တွေ့လိုက်ရသည်။
ဘာမှလည်း ​မေးမရ၊မျက်ရည်​တွေပဲ ကျ​နေတာမို့ ကိုယ့်အခန်းရှိရာ ၈မိုင်ကိုပဲ ​ခေါ်လာရ​တော့သည်။
အ​ခန်းထဲ​ရောက်သည်အထိ ဘာမှ​မေးလို့မရဘဲ တပ်ဆင်ထားခြင်းမရှိပါဆိုတဲ့ ဖုန်းနံပါတ်ကိုသာ အကြိမ်ကြိမ်​ခေါိ​နေတာဟာ စိတ်မချမ်း​မြှေ့ဖွယ်။

"​ကောင်း...​တော်ပါ​တော့ကွာ၊ဒီလိုကြီးနဲ့ ငါတို့ပြသနာကို ​ဖြေရှင်းလို့မရဘူး​လေ
မင်း...ညီသုတအိမ်ကို သွားချင်တာမလား၊ငါ သူ့အိမ်ကိုသိတယ်၊မင်းကိုလိုက်ပို့မယ်
ငါတို့ဟို​ရောက်မှ တစ်ခုခုကို ကွဲကွဲပြားပြား သိရမှာကွ ​နော်"

​စိတ်သက်သာရာရလိုရငြား ​ပြောလိုက်​တော့လည်း လူကိုကြည့်ပြီး ​ခေါင်းတဆတ်ဆတ်ညိတ်ပြပုံက အသိစိတ်​တောင် မကပ်​တော့တဲ့ပုံ။
ကိုယ့်သူငယ်ချင်းရဲ့ အရူးတစ်ပိုင်းပုံကို မြင်ရ​လေ၊မ​ပြောမဆို ​ခွေးနှစ်​ကောင်​ပေးပြီး ထားသွားတဲ့ ဟို​ခွေး​ကောင် ညီသုတကို ဆွဲထိုးချင်​လေပဲ။
သို့​သော် အိမ်လိုက်သွားရင်​တောင် ​မရှိဖို့များ​နေတာမို့ အရင်ဆုံး ​တွေ့ပါ​စေပဲ ဆု​တောင်း​နေရတာမျိုး။

​နွေဦး​လေ​ပြည် ချစ်သက်​သေတည်(​နွေဦး​လေ​ပြည် ချစ်သက်​သေတည်​)(Completed)Where stories live. Discover now